မြန်မာနိုင်ငံ ခရီးစဉ်

ထိပ်တန်း တက်သစ်စ လူငယ် မီဒီယာသမားတွေ ပါဝင်တဲ့ အဖွဲ့ ၅ ဖွဲ့ဟာ အစိုးရသစ် လက်ထက်မှာ ပေါ်ထွက်လာတဲ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လေ့လာ ကြည့်ရှုဖို့ ရန်ကုန်မြို့ကနေ ခရီးထွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ အမေရိကန် ၉ ဦး ပါဝင်တဲ့ အဲဒီ သတင်းထောက် ၂၀ တို့ သွားရောက်လေ့လာခဲ့တဲ့ ရန်ကုန်မြို့ အပြင် ၊ အတိတ်ကာလနဲ့ ပစ္စုပ္ပန်ကာလတို့က ဘားမားလမ်းမကြီး၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နဲ့ အင်းလေးကန် တို့ကို ရှုစား ကြည့်ကြပါ။

ရှုစားရန်…………….

ဒီအစီအစဉ်အကြောင်း

နယူးယောက်မြို့ အခြေစိုက် Open Hands Initiative, OHI, အဖွဲ့ကြီးရဲ့ ရက်ရောတဲ့ထောက်ပံ့မှုနဲ့ ဒီအထူး အစီအစဉ်ကို Global Post က တင်ဆက်နိုင်တာ ဖြစ်ပါတယ်။ ၂၀၁၃ ခု ဇွန်လက အရှေ့တောင် အာရှတခွင် အတွေ့အကြုံ ရင့်ပြီး ဖြစ်တဲ့ နိုင်ငံတကာ သတင်းစာဆရာတွေက ဦးဆောင် ဖွင့်လှစ်ခဲ့တဲ့ သတင်းစာပညာသင်တန်းရဲ့ ရလဒ်ဖြစ်ပါတယ်။ RFA လွတ်လပ်တဲ့ အာရှအသံ၊ Huffington Post သတင်းစာနဲ့ Newsweek/ The Daily Beast တို့ ပူးပေါင်ြး့ပီး ဓါတ်ပုံပညာ၊ ဗီဒီယိုပညာ ၊ သတင်းအရေးအသားနဲ့  အသံလွှင့်ပညာတို့ကို ပို့ချ သင်ကြားခဲ့ပါတယ်။ OHI အဖွဲ့ တည်ထောင်သူ အမေရိကန် ကုဋေကြွယ်သူဌေး Jay Snyder ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ရန်ကုန်မြို့ Savoy ဟိုတယ်မှာ တွေ့ဆုံမေးမြန်းထားပါတယ် ။

ရှုစားရန်…………….

ခရီးစဉ် ၁။ မြို့တော်ဟောင်း မန္တလေး

ဗုဒ္ဓ အဆုံးအမတွေ စုစည်းတဲ့ မန္တလေးမှာ အခုအခါ ဘာသာရေး ၊ လူမျိုးရေးနဲ့ နိုင်ငံရေး ရောထွေးနေပြီး တဖြည်းဖြည်း တင်းမာလာနေတဲ့ ဗုဒ္ဓဘာသာ အင်အားစုတွေကို လေ့လာခဲ့ပါတယ်။ အရင်က မြန်မာ ဗုဒ္ဓ ဘာသာတွေနဲ့ တရင်းတနှီး နေလာနိုင်ခဲ့ပေမယ့် မကြာခင်က မွတ်ဆလင် ဆန့်ကျင်ရေးလှုပ်ရှားမှုတချို့ ပေါ်ပေါက်လာတဲ့အတွက် ဆက်နေဖို့ မဖြစ်တော့ပဲ ပြည်ပကိုထွက်ခွါတော့မယ်ဆိုသူတွေလဲ ရှိလာပါတယ်။

ရှုစားရန်……

ခရီးစဉ် ၂။ ဗမာပြည် လမ်းမကြီး

ခေတ်ဟောင်း ခေတ်သစ် အင်ပါယာတွေရဲ့ သမိုင်းကို ဖေါ်ပြနေပါတဲ့ ကမ္ဘာကျော် Burma Road လမ်းမကြီးတလျှောက်မှာ အဝတ်အထည်ဆိုင်၊ စာအုပ်ဆိုင်တွေကအစ ဒေါ်လာသန်းချီကုန်ထားတဲ့ ရေကာတာတွေ၊ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကြီးတွေအထိ နေရာတကာမှာ တရုတ် လွှမ်းမိုးမှုကို မြင်တွေ့နေရပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာကို ဝင်ပေါက်ဖွင့်ပေးလာချိန်မှာ အမေရိကန်တို့ ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်ရောက်နေပါသလဲလို့ စဉ်းစားမိကြတယ်။

ဆက်ဖတ်ရန် ……

ခရီးစဉ် ၃။ ဧရာဝတီ မြစ်ဝကျွန်းပေါ်

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြီိး တိုက်ခတ်ခဲ့တုန်းက လူပေါင်း ၁၄၀ ၀၀၀ လောက်သေဆုံးပြီး လူတွေ သိန်းနဲ့ ချီလို့ အိုးအိမ်တွေဆုံးရှုံးခဲ့ရပါတယ်။ အခု ငါးနှစ် ရှိလာပြီ ဖြစ်ပေမယ့် ဒေသခံတွေဟာ နလံ မထူနိုင်သေးယုံမက မြေယာ အသိမ်းခံရမှုတွေ ကြုံနေကြရလို့ ဆင်းရဲတွင်းက မလွတ်နိုင်ကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုတာကိုလဲ ပြတ်လတ်နေကြပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်နေတယ်ဆိုတာ ကို ဒီဒေသမှာတော့ သိရှိကြပုံ မရပါဘူး။

ဆက်ဖတ်ရန် ……

ခရီးစဉ် ၄။ အင်းလေးကန်

ရေပြင်မှာ သီးနှံ စိုက်ပျိုးရေးလုပ်ကြသူတွေက လူတွေကိုအန္တရယ် ဖြစ်စေနိုင်တဲ့ဓါတ်မြေသြဇာတွေ စည်းကမ်းမဲ့ သုံးစွဲနေတာတွေ၊ သစ်တောတွေကို မဆင်မခြင် ခုတ်ကြလို့ မြေပို့ သောင်ထွန်းလာတာ အပြင်၊ ဟိုတယ်လုပ်ငန်းတွေက တွေ့ကရာ စွန့်ပစ်နေကြတာတွေ အကြောင်းပေါင်းစုံ စုစည်းပြီး သိမ်မွေ့လှတဲ့ အင်းလေးကန်ရဲ့ အလှသဘာဝနဲ့ ဂေဟစနစ်ဟာ ပျက်ပြားလာနေရပါပြီ။ ငါးပုဇွန်တွေ ပျက်စီးကြရလို့ ဒေသခံတွေမှာ ရေလုပ်ငန်းနဲ့ အသက်မွေးဖို့လဲ တနေ့တခြားခက်ခဲလာနေပါတယ်။

ရှုစားရန် …..

ခရီးစဉ် ၅။ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ

မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ အလျှင်အမြန်တိုးပွါးနေပြီး ထုတ်လုပ်မှုကဏ္ဍမှာ “ စက်မှုတော်လှန်ရေး ” တစ်ရပ် ပေါ်ထွက်ပြီး အိမ်နီးချင်းတွေကို အမီလိုက်လာနိုင်ကြောင်း အကဲခတ်တွေက ပြောကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အထည်ချုပ်စက်ရုံ ပြိုကျပြီး လုပ်သား ၁၀၀၀ ကျော် သေခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေကို နိုင်ငံတကာက အကဲဖြတ်နေကြပါတယ်။ စက်ရုံတွေမှာ အလုပ်သမားအရေး လှုပ်ရှားမှုတွေကလဲ အနှိပ်ကွပ်ခံနေရတဲ့ကြားက ရှင်သန် အားကောင်းနေပါတယ်။

ရှုစားရန်…………….