နှင်ထုတ်ခံရတဲ့ ဒုရဲမှူး မိုးရန်နိုင် မိသားစု

2018-04-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး-မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော် ရဲဝန်ထမ်းလိုင်းခန်းကနေ ပြောင်းပေးဖို့ ဧပြီလ ၂၁ ရက်နေ့မနက်မှာ အကြောင်းကြားလာတယ်လို့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆ (ခ) နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာ ၄ လကျော်နေပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒုရဲမှူး မိုးရန်နိုင် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်စေချင်တယ်လို့ ဇနီးဖြစ်သူ ဒေါ်တူးက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့