ဆရာကြီးဦးဝင်းတင် အောက်မေ့ဘွယ်


2014.04.23

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အောက်မေ့ဘွယ် အခမ်းအနားကို ဒီနေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ရိပ်သာမှာ ကျင်းပခဲ့ပါတယ်။ ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရပ်နီးရပ်ဝေးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာသံတမန်တွေလည်း တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ ဒီနေ့ အခမ်းအနား မြင်ကွင်းအကြောင်း RFA သတင်းထောက် မဇင်မာဝင်းက ယုဒဿန်ရိပ်သာ ကနေ သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။