Master Sports ဖိနပ်စက်ရုံပြဿနာ


2014.07.09

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၃) ရှိတဲ့ Master Sports ဖိနပ်စက်ရုံကို ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကတည်းက ပိတ်လိုက်ပြီး အလုပ်သမားတွေကို နစ်နာကြေးမပေးတဲ့အတွက် စက်ရုံရှေ့ မှာ စောင့်ဆိုင်းနေကြတဲ့ အလုပ်သမားတွေက ကိုရီးယားနိုင်ငံသား အလုပ်ရှင်ကို တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် အလုပ်သမားတွေက သူတို့ရဲ့နစ်နာချက်တွေကို အစိုးရသိအောင် လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းနဲ့ ကိုရီးယားသံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆို သွားမယ်လို့လည်း သိရပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။