အာရှနွေဦးတော်လှန်ရေးနေ့က ဖမ်းဆီးခံသူတွေကို ပြန်လွှတ်ပေးရာမှာ ကျန်နေသူတွေရှိနေဆဲ

2021.03.02

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတာကြောင့် ရန်ကုန်မှာဖမ်းဆီးခံရသူ ၆၀၀ ကျော်ထဲက အများစုကို အင်းစိန်အကျဉ်းထောင်ကနေတဆင့် သက်ဆိုင်ရာရဲစခန်းတွေကနေ ပြန်လွှတ်ပေးနေပါတယ်။

ပြန်မလွှတ်သေးဘဲ တရားစွဲခံရသူတချို့လည်း ရှိနေပါတယ်။ ကျောက်တံတားမြို့နယ် ရဲစခန်းကနေ အင်ဂျင်နီယာကျောင်းသား ၂၀ ကျော်နဲ့ တခြားသူတွေကို လွှတ်ပေးလိုက်ပါတယ်။

အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွှတ်ပေးရာမှာ သူတို့ ဖော်ပြထားတဲ့ လူဦးရေစာရင်းအတိုင်း မပါရှိဘူးလို့ အင်းစိန်ထောင်ရှေ့ကို ရောက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

“ကားရဲ့မျက်နှာစာ ယာဉ်မောင်းထိုင်ခုံရှေ့မှာ သူတို့ လူဦးရေတွေ ရေးထားတယ်။ အဲဒီကအတိုင်း မဟုတ်ဘူး။ ဖော်ပြထားတဲ့ လူဦးရေအတိုင်း မပါရှိဘူး။ ကမာရွတ် မရမ်းကုန်း ဗဟန်း ဆိုရင် သူတို့က ၁၃၃ ဦးလို့ ပြောတယ်။ အဲဒီမှာလူဦးရေက အမှန်တိုင်းပြောရင် ထိုင်ခုံမှ အယောက် ၄၀၊ ၅၀ လောက်ပဲ ရှိမယ်။ အဲထဲမှာ ပါတာပေါ့နော်။ ပထမဆုံး တစ်စီးထွက်သွားတဲ့ သာကေတမှာတော့ လူအပြည့်ပါတယ်။ ကား ၃ စီးနဲ့ လူအပြည့်ပါတယ်။ သူတို့က ၂၀၇ ဦးလို့တော့ပြောတယ်။ ကျွန်မအမြင်တော့ ၂၀၀ လောက်တောင်မရှိဘူး။ လူဦးရေ ဘယ်နှစ်ရာဖမ်းပြီးတော့ ဘယ်နှစ်ရာ လွှတ်လိုက်တယ်ဆိုတာထက် ဘယ်သူဘယ်ဝါကို ဖမ်းပြီးတော့မှ ဘယ်သူဘယ်ဝါ လွှတ်မြောက် တယ်ဆိုတာ အရမ်းအရေးကြီးတာ ဖြစ်တယ်။ နာမည်လေးတွေ မဖော်ဘူးဆိုရင် မိသားစုဝင်တွေအနေနဲ့လည်း ရှာရတာ အင်မတန်ခက်တယ်။ လူက ပျောက်သွားတာလား။ ဘာဖြစ်သွားတာလဲ မသိရဘူး”

ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်တွေကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။