ရွှေပြည်သာစက်မှုဇုန် အလုပ်သမားအရေး

2014-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၂) Star Tex အထည်ချုပ်စက်ရုံမှာ တပတ်ကြာ သပိတ်စခန်း ဖွင့် ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား ၁၇၄ ယောက်ကို အလုပ်ရှင်က ဒီကနေ့ လျော်ကြေးပေးပြီး အလုပ်ထုတ်လိုက် ပါတယ်။ Star Tex စက်ရုံမှာ ဆက်ဆံရေးဆိုးဝါးတဲ့ အလုပ်သမားကြီးကြပ်ရေးမှူးကို အလုပ်ထုတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ကြတာပါ။ ဒီအလုပ်သမားတွေ အလုပ်အကိုင်ရရှိရေးနဲ့ လျော်ကြေးကိစ္စတွေ မှာ အကူအညီပေးခဲ့တဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့