သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-01
သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ နဲ့ တရားစွဲဆိုတာတွေ များလာနေတာဟာ လွတ်လပ်စွာပြောဆို ရေး သားခွင့်ကို ထိခိုက်လာနိုင်တယ်လို့ သတင်းမီဒီယာ သမားတွေက သုံးသပ်နေကြပါတယ်။
2016-12-01
ပျဉ်းမနားမြို့က သတင်းထောက် ဦးမောင်မောင်ထွန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ နိုဝင်ဘာလ (၂၉) ရက်နေ့ မနေ့ညက ဖမ်းဆီးလိုက်ပြီး၊ ဒီနေ့ ပျဉ်းမနားမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2016-12-01
နတ်တော်လပြည့်ကျော် ၁ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ ၉မိုင်က ရှမ်းဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပြီး လူဦးရေတစ်ထောင်ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် နှစ်သစ်ကူးပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်ပါဘူး။
2016-12-01
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထဲမှာ မသန်စွမ်းတဲ့၊ အားနည်းတဲ့ အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေလည်း ရှိနေပါတယ်။
2016-12-01
ထိုင်းနိုင်ငံကို ၂ နှစ်စာချုပ် နဲ့ သွားရောက်ခဲ့တဲ့ မြန်မာ အလုပ်သမား ၂၀ဦး ဟာ ၄ လသာ အလုပ် လုပ်ကိုင်ခွင့်ရခဲ့တဲ့အတွက် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအနေနဲ့ နစ်နာကြေးပေးဖို့ဒီနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2016-11-29
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ငါးထောင်တန် အရောင်းဆိုင်တွေနဲ့ ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြား သားတွေထဲမှာ တရားမဝင်နေထိုင်နေသူတွေ ရှိ မရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီကနေ့ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2016-11-29
ကျောင်းမုန့်ဈေးတန်းတွေနဲ့ ဈေးတွေမှာ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေ ဆက်ပြီး မရောင်းချကြဖို့ အတွက် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းနဲ့ စည်ပင်တာဝန်ရှိသူတွေက မန္တလေး ချမ်းမြသာစည် မြို့နယ်က မြနန္ဒာဈေးနဲ့ အထက-၂၆ မှာ နိုဝင်ဘာလ ၂၈ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
2016-11-29
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို နောင်မျိုးဆက်တွေက ဦးဆောင်နိုင်ဖို့အတွက် နဲ့ ကျောင်းသားထုအားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပဖို့ ဗကသ အဖွဲ့က ကရင်ပြည်နယ် ဘားအံ မြို့က တောရကျောင်းမှာ အစည်းအဝေး ကျင်းပနေပါတယ်။
2016-11-26
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗီဇာစည်းကမ်းနဲ့အညီ နေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူသွား မယ်လို့ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရ တာဝန်ရှိသူတွေ က ပြောပါတယ်။
2016-11-26
အခုလ ၂ဝ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။
2016-11-26
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင် ပြင်စလူမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတချို့က ဒေသခံတွေဟာ သစ်တောပိုင်မြေထဲပါနေတဲ့ လယ်ယာမြေတွေထဲက သူတို့စိုက်ပျိုးထား တဲ့စပါးတွေကို ရိတ်သိမ်းခွင့်ပေးဖို့ ဒီကနေ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌကို သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
2016-11-26
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ Daily Eleven media ရဲ့အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို တာမွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-11-24
၉၆ ကြိမ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သူ ဆရာကြီးဦးရာဇတ်ရဲ့ ရုပ်တုကို မန္တလေးတက္ကသိုလ် ဝင်းထဲမှာ စိုက်ထူနိုင်ခဲ့ပါတယ်။
2016-11-24
ဒီကနေ့မနက်က မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့သလို ကွတ်ခိုင်-မူဆယ် လမ်းပိုင်းတလျှောက်မှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။မူဆယ်မြိုု့ပေါ်မှာတော့ ဒီကနေ့ညနေပိုင်းအထိ အခြေအနေတွေ ပုံမှန်ပဲရှိနေပါတယ်။
2016-11-24
(၉၆) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အန်အယ်လ်ဒီ နာယက သူရဦးတင်ဦး နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေက အမျိုးသားအောင်ပွဲနေ့ အကြောင်း ပြောကြားခဲ့ပါတယ်။