သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-23
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာရှိတဲ့ "ကံကောင်းခြင်းရတနာ" သစ်အချောထည် စက်ရုံမှာ အလုပ်သမား ၄ ရာလောက် ဒီကနေ့ အလုပ်ထုတ်ခံခဲ့ရပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေ က တင်ပြထားပါတယ်။
2014-05-23
၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူနေမှုနဲ့ စာရင်းပြုစုနေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ မေလ ၂၁ ရက်၊ မနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-05-23
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာ ပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-05-23
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ "တရားမဝင်တဲ့ စစ်အစိုးရကို တရားဝင် စစ်အစိုးရဖြစ်အောင် ဖန်တီးထားတာ" ဖြစ်တဲ့အတွက်၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင် ဒီအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် ကိုမင်းဇေယျက ပြောလိုက်ပါတယ်
2014-05-21
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အမှတ်တရ ရုပ်ထုကျောက်စာတိုင်ကို မန္တလေးတိုင်း၊ အမရပူရမြို့က တောင်လေးလုံးကျောင်းတိုက်မှာ ဒီကနေ့ စိုက်ထူခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-21
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် မူကြမ်းရရှိဖို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ NCCT တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စတင် ဆွေးနွေးနေကြ ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-05-21
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေမှာ စိုက်ပျိုးမယ်ဆိုရင် "တပ်ပိုင်မြေမှာ ထွန်ယက်စိုက်ပျိုးကြောင်း" လက်မှတ်ထိုးဖို့ ခမရ (၅၃၁) တပ်က အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2014-05-21
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းဇေယျက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ကိုမင်းဇေယျကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-05-21
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖေါ်နေတဲ့ ရထားလမ်းစီမံကိန်းကြောင့် ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး စတဲ့ ရှေးဟောင်း ဇုန်နယ်နမိတ်တွေအတွင်းက ရှေးဟောင်းလက်ရာအထောက်အထားတွေ ပျက်စီးနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။
2014-05-20
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က Asia Rose အထည်ချုပ်စက်ရုံမှာ တစ်နေ့လုပ်အားခကျပ် ၄ ရာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမား ၄ ရာကို အလုပ်က ရပ်ဆိုင်းလိုက်ကြောင်း မနေ့ညက ကြေညာလိုက်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ ဒီနေ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-05-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တလပြည့်အထိမ်းအမှတ် အခမ်းအနားကို ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ ခမ်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် စကားပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-05-20
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးတွေရဲ့ ဒုတိယနေ့ အစည်းအဝေး ကနေ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းတဲ့ဒေသတခု ဖြစ်ရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ RF အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-20
အစိုးရနှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲခံနေရတဲ့ ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဒီနေ့မနက်က ရုံးထုတ် စစ်ဆေးခဲ့ ပါတယ်။ အလားတူပဲ မီတာခတိုးမြှင့်ကောက်ခံတဲ့အပေါ် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ က ကျောက်တံတား မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဦးဝင်းချိုနဲ့ ကိုဝေလုတို့ကိုလည်း ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-05-20
ဗကသ (ခေါ်) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုကောင်းထက်ကျော် ရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ ရဲတပ်ဖွဲ့တွေက ရိုက်နှက်လို့ ရရှိတဲ့ဒဏ်ရာမဟုတ်ဘူးလို့ သဲကုန်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-05-20
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းတလပြည့် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်