သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-15
မြန်မာနိုင်ငံတဝှမ်းက မြို့နယ်တွေကို လှည့်လည်ပြီး ကလေးငယ်တွေကို ပုံပြင်တွေ လိုက်လံပြောပြ နေတဲ့ Myanmar Story Tellers- ပုံပြင်ပြောသူများအဖွဲ့ ရပ်တည်လာခဲ့တာ လေးနှစ်ကျော်ပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့ ဘယ်လို ဖြစ်ပေါ်လာတာလဲ၊ ဘယ်လိုပုံပြင်တွေကို ပြောပြသလဲ ဆိုတာတွေကို RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားပါတယ်။
2014-04-15
၂ဝဝ၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်နဲ့၊ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကြောင့် ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ကို နေရပ်စွန့်ခွာ ပြောင်းရွှေ့လာကြသူတွေ ပိုများ လာနေပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။
2014-04-15
"မောင်မောင်ဆိုလေ ထီးရိုးရှည်" သံချပ်အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ ဒီနေ့ညနေပိုင်းက ဖျော်ဖြေခဲ့ပါတယ်။
2014-04-15
တက္ကသိုလ်ကျောင်းသား သမဂတွေ စုပေါင်းဖွဲ့စည်းထားတဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဟာ ဒီနေ့ သြင်္ကန်အကျနေ့မှာ ရန်ကုန်မြို့ ပြည်လမ်းနဲ့- မင်းရဲကျော်စွာလမ်းထောင့်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန် (အနောက်ပိုင်းခရိုင်) ရေကစားမဏ္ဍပ်မှာ သံချပ်ထိုး ဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-04-15
ဧပြီလ ၁၄ ရက်၊ ဒီကနေ့ဟာ မြန်မာ့ရိုးရာအတာသြင်္ကန် အကျနေ့ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ သြင်္ကန်အကျနေ့ကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-04-15
ရခိုင်ရိုးရာအရ သြင်္ကန်အကျနေ့မတိုင်ခင် တရက်မှာ ဗုဒ္ဓမြတ်စွာဘုရားကို နံ့သာနဲ့ ပူဇော်ဖို့အတွက် နံ့သာသွေးပွဲတွေကို ကျင်းပကြပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ရန်ကုန်မြို့က ရခိုင်တိုင်းရင်းသားတွေရဲ့ နံ့သာသွေးပွဲတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-04-15
မနေ့ကကျရောက်တဲ့ သြင်္ကန်အကြိုနေ့ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တဝိုက် မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေ ကလည်း ဆင်နွဲခဲ့ကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ RFA ဝိုင်းတော်သားကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-14
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ကနေ မိုင် ၂ဝ လောက်အကွာ၊ "သင်္ခရိုင်ကျေးရွာ" မှာရှိတဲ့ သင်္ခရိုင် ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးသုမနဟာ မိဘမဲ့ကလေးငယ် ၂ ရာလောက်ကို ကျွေးမွေး စောင့်ရှောက်ထားပြီး ပညာသင်ကြားပေးနေပါတယ်။
2014-04-12
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်ကတည်းက ရိုက်ကူးခဲ့တဲ့ "သြင်္ကန်မိုး" ရုပ်ရှင်ဇာတ်ကားကို ဒီနေ့အချိန်ထိ လူအများ နှစ်သက် လက်ခံနေကြဆဲဖြစ်သလို သြင်္ကန်မိုး ဇာတ်ဝင်ခန်း တေးသီချင်းတွေ ဟာလည်း သြင်္ကန်သီချင်းတွေအဖြစ် အောင်မြင်နေဆဲဖြစ်ပါတယ်။ သြင်္ကန်မိုးဇာတ်ကားအပေါ် ဖန်တီးခဲ့သူတွေရဲ့ ခံစားချက်တွေကို "သြင်္ကန်မိုး" ရုပ်ရှင်အကြောင်း အပိုင်း (၃) အဖြစ် RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2014-04-12
မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ တီဘီရောဂါ ကာကွယ်ရေး ပညာပေးဖို့အတွက် တိုင်းရင်းသားနယ်မြေတွေမှာ FM ရေဒီယိုတွေကနေ စတင်ထုတ်လွှင့်နေပြီလို့ သိရပါတယ်။ တီဘီရောဂါ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယ ညွှန်ကြားရေးမှုး ဒေါက်တာဒေါ်စောစောကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်း ထားပါတယ်။
2014-04-12
အခုသီတင်းပတ်ကုန်ပြီး ရှေ့သီတင်းပတ်ဆိုရင် မြန်မာ့ရိုးရာ အတာသြင်္ကန် ကျရောက်တော့မှာပါ။ ရန်ကုန်မြို့မှာလည်း သြင်္ကန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။ ဒီနှစ်သြင်္ကန် ပွဲတော်အတွက် လုံခြုံရေးဝန်ထမ်းအင်အား ၅ ထောင်ကျော်နဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
2014-04-11
စစ်ကိုင်းမြို့နဲ့ အမရပူရအကြား၊ "ရတနာပုံ" ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရေးအတွက် သိမ်းယူခဲ့တဲ့ မြေတွေထဲက အသုံးမပြုပဲ ပိုလျှံတဲ့မြေနေရာတွေ ပြန်လည်ရရှိဖို့အတွက် အမရပူရမြို့နယ် အတွင်းက မူလပိုင်ရှင်တွေ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-11
စစ်တွေမြို့မှာ နိုင်ငံတကာ NGO အဖွဲ့ရုံးခန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ထုတ်ပြန်ထားတဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ပဋိပက္ခ အခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်တဲ့ အတွက် ညမထွက်ရအမိန့်ကို အချိန်လျှော့ချပေးလိုက်တာလို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားပြီ ဆိုပေမယ့် အခုနှစ်သြင်္ကန်အတွက် စစ်တွေမြို့မှာ ရခိုင်ရိုးရာ ရေကစားမဏ္ဍပ် တွေ ထည့်သွင်းကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2014-04-11
မကွေးတိုင်းပညာရေးမှူးရုံးမှာ သတင်းယူဖို့ သွားရောက်မေးမြန်းရာကနေ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောက်ယှက်မှုတွေနဲ့ ထောင်ဒဏ်တနှစ် ချမှတ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရားမှာ သတင်းထောက် တွေ ဒီကနေ့ ဆုတောင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားပါတယ်။
2014-04-11
ရန်ကုန်မြို့က သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးတွေကို ထိန်းသိမ်းကြဖို့အတွက် Yangon Heritage Trust အဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာအဖွဲ့က ကြိုးပမ်းနေပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။