သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သံဆူးကြိုးခတ်လိုက်တဲ့ မြေတွေထဲမှာ လျော်ကြေးယူမထားတဲ့ တောင်သူတွေရဲ့ လယ်မြေဧကထောင်နဲ့ချီ ပါဝင်နေတဲ့အတွက် ဒီမြေတွေကိုပြန်ရဖို့ မြေသိမ်းခံတောင်သူတွေက ဆည်တည်းရွာနားမှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၁ဝ ရက် ရှိသွားပြီဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ ဒီလယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မြေတူးစက်တွေနဲ့ ၂၀၁၅ ဇန်နဝါရီလ ဒီနေ့ ဝင်ရောက်တူးဖော်ခဲ့ကြပါတယ်။
2015-01-07
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ပရိသတ်တွေ ရှုစားရမှာပါ။ RFA ဝိုင်းတော်သား မခက်မာက စီစဉ်တင်ဆက်ထားပါတယ်။
2015-01-06
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီ ရွေးကောက်ပွဲတွေမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် ၁၁၅ ဦးဟာ တာဝန်ထမ်းဆောင် ဖို့အတွက် ၂ဝ၁၅ ဇန်နဝါရီလ ဒီနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေ အနေနဲ့ ရန်ကုန်မြို့တော် သန့်ရှင်းသာယာဖို့အတွက် ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ကြ မလဲဆိုတာကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
2015-01-06
မန္တလေးတိုင်း မြင်းခြံခရိုင်က ငါန်းဇွန်မြို့မှာ စက်မှုစီမံကိန်းဖော်ဆောင်ဖို့ သိမ်းဆည်းထားတဲ့ လယ်မြေဧက တသောင်းကျော် အတွက် လျော်ကြေးပေးဖို့နဲ့၊ ဖမ်းဆီးထားတဲ့တောင်သူ ၁ဝ ယောက်ကို ပြန်လွှတ်ပေးဖို့အတွက် မြေသိမ်းခံလယ်သမားတွေ မနေ့က ငါန်းဇွန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2015-01-06
လက်ပံတောင်းတောင်ဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့နဲ့၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် လက်ပံတောင်းတောင်ဒေသက မြေသိမ်းခံတောင်သူတွေနဲ့ မုံရွာအခြေစိုက် နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေ ပူးပေါင်းပြီး မုံရွာမြို့မှာ ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။
2015-01-06
ဗိုလ်ချုပ်မွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်း ရန်ပုံငွေဈေးရောင်းပွဲကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စက်မှုလက်မှု အထက်တန်းကျောင်းမှာ ကျင်းပနေပါတယ်။
2015-01-06
၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာမနောပွဲ ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မှာရှိတဲ့ မနောကွင်းမှာ ၂ဝ၁၅ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပနေပါတယ်။
2015-01-06
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက စီစဉ်တင်ဆက်ထားပါတယ်။
2015-01-05
ဗိုလ်ချုပ်မွေးနေ့ နှစ်တစ်ရာပြည့်အကြို ဂုဏ်ပြု အခမ်းအနားကို မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ပြီး ၂ဝ၁၅ ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ပါ တယ်။ အခမ်းအနားမှာ ကဗျာရွတ်ပြိုင်ပွဲနဲ့ စာပေဟောပြောပွဲ အစီအစဉ်လည်း ပါဝင်ပါတယ်။
2015-01-05
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခကြောင့် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြသလို မုံရွာမြို့မှာလည်း ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-05
အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် ရန်ကုန်မြို့မှာ ၂ဝ၁၅ ဇန်နဝါရီလ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-05
၂ဝ၁၅ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
2015-01-05
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ပဲခူးမြို့က ရွှေမောဓော စေတီအနောက်ဘက်မှာ ၂ဝ၁၅ ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
2015-01-05
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားတွေအတွက် ဆုတောင်းပွဲတစ်ခုကို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ စုပေါင်းပြီး ၂ဝ၁၅ ဇန်နဝါရီလ ၃ ရက်၊ စနေနေ့က မြစ်ကြီးနား မြို့မှာ ကျင်းပခဲ့ပါတယ်။
2015-01-02
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေဟာ လွှတ်တော်သက်တမ်း ၄ နှစ်တာ ကာလအတွင်း အာနည်းချက်၊ အားသာချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။