သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-01
ရန်ကုန်မြို့မှာ ခိုအကောင်အရေ သိသိသာသာ တိုးပွားနေပါတယ်။ အရင်က ဘာသာရေးအဆောက်အအုံတွေနဲ့ ငှက်စာကျွေးတဲ့နေရာတွေမှာပဲ များများစားစား တွေ့ရတတ်တဲ့ ခိုတွေဟာ အခုဆိုရင် လူနေအိမ်တွေထဲအထိပါ ဝင်ရောက်နှောက်ယှက်တဲ့အထိ ဖြစ်လာနေပါတယ်။
2019-11-01
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အာဏာအလွန်အကျွံ သုံးစွဲမှုတွေ၊ ပေါ့ဆမှုတွေ၊ မှားယွင်းဖမ်းဆီးမှုတွေကြောင့် ရဲတပ်ဖွဲ့အပါ် လူထုရဲ့ ယုံကြည်အားကိုးမှုတွေ ကျဆင်းနေပါတယ်။
2019-11-01
မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ကလေးအလုပ်သမား ပပျောက်ရေး ဦးစားပေး လုပ်ဆောင်သွားမယ် လို့ အစိုးရက မကြာသေးခင်ကပဲ ပြောလိုက်ပါတယ်။ အစိုးရရဲ့ ဒီစီမံချက်ကို ကြိုဆိုသူတွေ ရှိသလို၊ တကယ့် လက်တွေ့ အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။
2019-11-01
မြန်မာ့နိုင်ငံရေး၊ လူမှုရေးနယ်ပယ်ထဲက လူပုဂ္ဂိုလ်တွေ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2019-10-31
RFA ကိုရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မကွေးတိုင်း၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-10-29
နိုဝင်ဘာလဆန်းပိုင်းမှာ KIO/KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ပဏာမအပစ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးဖို့ ပြင်ဆင်နေပြီ ဆိုတဲ့သတင်း ထွက်ပေါ်လာတဲ့နောက်မှာ ကချင်လူထုအကြား ထောက်ခံမှုတွေ ရှိပေမယ့် ဒီစာချုပ်ရဲ့ အာမခံချက် အပေါ်မှာတော့ သံသယ ရှိနေကြပါတယ်။
2019-10-27
နေပြည်တော်မှာ ကျင်းပမယ့် အပစ်ရပ်လေးနှစ်ပြည့်အခမ်းအနားကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌနဲ့အဖွဲ့ မတက်ရောက်တော့တဲ့အတွက် အပစ်ရပ်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
2019-10-25
မြန်မာ့နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2019-10-25
တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဖြတ်သန်းသွားမယ့် ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့အနီးမှာ တရုတ်မြန်မာ၂နိုင်ငံပူးတွဲလုပ်မယ့် စီးပွားရေးဇုန် စီမံကိန်းကြီးတခု အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။
2019-10-25
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က လုပ်ကိုင်နေတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံနားက ကျေးရွာတွေမှာ ရေတွေမဲနက်လာတာ၊ ငါးတွေ သေဆုံးတာတွေကြောင့် စက်ရုံအနီးပတ်ဝန်းကျင်က ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2019-10-25
ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး မဲပေးဖို့ စည်းရုံးခဲ့တဲ့ NLD ပါတီဟာ လာမယ့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်ရဲ့ လုပ်နိုင်စွမ်းနဲ့၊ အရည်အချင်းတွေကို အဓိကထားပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တော့မယ်လို့ ပြောလာပါပြီ။
2019-10-25
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲထားတဲ့အမှုမှာ စွပ်စွဲချက်ခံသူတွေရဲ့ ရှေ့နေကတင်ပြတဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ ဦးမောင်မောင်စိုးရဲ့ မြောက်ဦးစစ်တမ်း စာအုပ်ကို သက်သေခံအဖြစ်တင်သွင်းခဲ့ပါတယ်။
2019-10-24
ဒီတစ်ပတ်မှာတော့ မကွေးတိုင်း၊ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-10-23
ကျောက်စိမ်းအတွဲပေါင်း ၃၀၀၀ နီးပါးလောက်ပါဝင်တဲ့ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြပွဲကို မန္တလေးမြို့ MCC ခန်းမမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2019-10-23
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါဒေသ ပတ်ဝန်းကျင်ရွာတွေက ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ ရန်ကုန်တိုင်း (မြေ/စစ်) ကော်မတီရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ဖျက်ပေးရေးအတွက် လယ်သမား ၅၀၀ လောက်က ဒီနေ့ ကျောက်တန်းမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
2019-10-23
နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုမှာ ဖမ်းဆီးစွပ်စွဲခံထားရတဲ့ ကားဒရိုင်ဘာ ကိုအောင်ကြီးကို အာမခံပေးဖို့ လျှောက်ထားချက်ကို ဒက္ခိဏခရိုင်တရားသူကြီးက ပယ်ချလိုက်ပါတယ်။
2019-10-23
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်ဖို့ ကြိုစားနေတဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒီရေတောတွေ ပျက်စီးလာမှာကို ဒီရေတောထိန်းသိမ်းရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
2019-10-22
ရန်ကုန်တိုင်းအတွင်း တရုတ်လုပ်ငန်းရှင်တွေ အဓိက လုပ်ကိုင်နေတဲ့ စက်ရုံငါးခုမှာ ဥပဒေပါ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေတာတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ထုတ်ပယ်နေတာတွေကို တင်ပြဖို့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးရှေ့မှာ အလုပ်သမားတွေ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
2019-10-20
နှစ်ပေါင်း ၁၀၀ ကျော် ရပ်တည်ခဲ့တဲ့ ဗုဒ္ဓကလျာဏယုဝ အသင်း (YMBA) ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဘွဲ့ ပေးလိုက်တဲ့ ကာလမှာ အဖွဲ့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတစ်ခု ဖြစ်ပွားပြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2019-10-20
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရေးကို လူနည်းစု အုပ်စုဝင်တွေဖြစ်တဲ့ မသန်စွမ်းတွေလည်း လိုလားကြပါတယ်။
2019-10-18
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်က တောင်တန်းတွေကြားမှာ ကယန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ကျဆုံးခဲ့တဲ့စစ်သည်တွေကို မြှုပ်နှံထားတဲ့ အာဇာနည်ဗိမာန်တခု ရှိနေပါတယ်။ ဒီကယန်းအာဇာနည်ဗိမာန် တည်ဆောက်ရေးမှာ မြန်မာ့တပ်မတော်ကလည်း အကူအညီပေးတာတွေလည်း ရှိခဲ့ပါတယ်။
2019-10-18
၂ဝ၁၅ ရွေးကောက်ပွဲမှာ အာဏာရလာတဲ့ NLD အစိုးရဟာ သတင်းမီဒီယာသမားတွေ မျှော်လင့်ခဲ့သလို သတင်းလွတ်လပ်ခွင့်ကို မျက်နှာသာပေးတဲ့ အစိုးရ ဖြစ်မလာပါဘူး။ ဒါပေမယ့် တပ်မတော်က ချုပ်ကိုင်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ သတင်းမီဒီယာတွေက ဆက်သွယ်လာတာတွေကို အလွယ်တကူ လက်ခံနေပါတယ်။
2019-10-18
မြန်မာနိုင်ငံတဝှမ်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းဖျက်ဆီး ခံခဲ့ရတဲ့ ဗလီ ၆ဝ ကျော်ကို ပြန်ဖွင့်ပေးဖို့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဌာနဆိုင်ရာတွေကို အစ္စလာမ်ဘာသာသာဝင်တွေက တောင်းဆိုထားပါတယ်။
2019-10-18
NLD အစိုးရလက်ထက်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ “နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှု အကာအကွယ်ပေးရေးဥပဒေ” နဲ့ တရားစွဲခံရတဲ့ အမှုတွေ များပြားလာနေပါတယ်။
2019-10-18
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကို ပြောင်းဖွယ်ရှိတယ်ဆိုတဲ့ ယူဆသူ အများအပြားရှိနေပါတယ်။
2019-10-18
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်အတွက် မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေကို ဒုက္ခသည်တွေသိအောင် အာဆီယံနိုင်ငံတွေက သတင်းစကားဖြန့်ဝေပေးနေတယ်လို့ UEHRD ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောလိုက်ပါတယ်။
2019-10-18
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲထားတဲ့အမှုမှာ တရားလိုရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းတွေကို ကန့်ကွက်ထားပေမယ့် တရားရုံးက လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။
2019-10-18
အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်တွေ၊ NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေနဲ့ သီးခြားစီအလွတ်သဘော ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2019-10-17
တရုတ်ပြည်မှာသာမက ကျောက်အရောင်းအဝယ်လောကမှာပါ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာတဲ့ WeChat ဝီချက် အပလီကေးရှင်းနဲ့ ငွေပေးချေမှုကို ပထမဆုံးအကြိမ်ကျင်းပမယ့် မန်းကျောက်မျက်ပြပွဲမှာ ကန့်သတ်မှာဖြစ်ပြီးတော့ တွေ့ရှိခဲ့မယ်ဆိုရင် ပြပွဲဝင်ခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။
2019-10-17
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးက ပုဒ်မသုံးခုနဲ့ စွဲချက်တင်ဖို့ ဒီနေ့အမိန့်ချလိုက်ပါတယ်။