သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-21
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ မလေးရှားအသင်းတို့ ဒီနေ့ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ၆ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး တတိယ ကြေးတံဆိပ်ဆု ရရှိသွားပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-20
မန္တလေးမြို့မှာ မနေ့က မြန်မာနဲ့ထိုင်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရံှုးနိမ့်ခဲ့ပါတယ်။ ကစားပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ မြန်မာ အမျိုးသမီးဘောလုံးအသင်း နည်းပြ Mr. Kumada Yoshinori က မြန်မာအသင်း ရှုံးရတာဟာ ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုလည်း ပါဝင်ကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-20
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဘိန်းစိုက်ပျိုးမှု များလာနေသလို လူငယ်တွေအကြားမှာလည်း မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာတယ်လို့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-12-20
မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က ရွှေထွက်တဲ့ဒေသတွေမှာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်မှာ ဘီးလင်းချောင်းတစ်လျှောက် နယ်လှည့် ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိလာနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2013-12-20
အခုသီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါ သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်က ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို သိရှိဖို့အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားတွေ၊ မွတ်စလင် ဒုက္ခသည်တွေနဲ့ မကြာခဏ ဆိုသလို သွားရောက်တွေ့ဆုံနေကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-12-20
"အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့" အထိမ်းအမှတ် အခမ်းအနားကို မနေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-12-20
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ် တင်ဆက်ထားပါတယ်။
2013-12-18
ဒီဇင်ဘာလ ၁၅ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ ဇ/ ရပ်ကွက်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကာတွန်းဆရာ အော်ပီကျယ်နဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့ တက်ရောက်ဟောပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နဲ့ ပဲခူးတိုင်း သာယာဝတီမြို့တွေမှာပြုလုပ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒကောက်ခံပွဲမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲက တချို့ကို ကောက်နှုတ်ပြီး RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-12-18
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (ခ) နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မနေ့က ယှဉ်ပြိုင်ကစားပြီးနောက် မြန်မာအသင်း ရံှုးနိမ့်သွားတဲ့အတွက် ပရိသတ်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-17
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ ဝေဟင်အောင် ရေးသားတဲ့ "သွေးနဲ့ ရေးသည့်မြေ" ဆိုတဲ့စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-17
အရှေ့တောင်အာရှ အားကစားပွဲတော် SEA Games အားကစားပွဲတွေမှာ ပရိသတ်အားအထားဆုံးပွဲဖြစ်ခဲ့တဲ့ အိမ်ရှင် မြန်မာနဲ့ ထိုင်းနိုင်ငံ ဘောလုံးပွဲစဉ်မှာ ကွင်းအတွင်းနဲ့အပြင် ပရိသတ် စုစုပေါင်း ၅ သောင်းကျော် အားပေးခဲ့ကြပါတယ်။ ဒီပွဲစဉ်ရဲ့ ထူးခြားချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-17
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ ပတ်သက်ပြီး ကော့မှူးနဲ့ သာယာဝတီ မြို့နယ်တွေမှာ ပြုလုပ်တဲ့ လူထုသဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥပဒေပညာရှင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး (စိန်ဂျွန်း)တို့က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-17
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘာကြောင့်ပြင်ဆင်ဖို့ လိုအပ်သလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နဲ့၊ ပဲခူးတိုင်း သာယာဝတီမြို့တွေမှာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေထဲက တချို့ကို ကောက်နှုတ်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-14
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ် နယ်မြေဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်က လွယ်တိုင်းလျှန်း ဒုက္ခသည်စခန်းအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးထွန်းက စုစည်းတင်ပြထားပါတယ်။