သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-05
နေပြည်တော်မှာ ဒီလမတ် ၅ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် "အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု" ဆိုတဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် "ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး- နိုင်ငံလုံးဆိုင်ရာကွန်ရက်" NNER ကို ဖိတ်ကြားထားပြီးခါမှ အစိုးရက ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး NNER အဖွဲ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အသောကကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-04
BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း ကဏ္ဍစုံစီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများအဖွဲ့ရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheik Harsina ဟာ ဒီကနေ့ညနေ ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က တင်ပြထားပါတယ်။
2014-03-04
၂ဝ၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပွဲ ဖွင့်လှစ်တဲ့ အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်၊ စနေနေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-03-04
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်တဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတဲ့ မကိုက်ညီတဲ့ပုဒ်မတွေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့အတွက် လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ အရပ်ဖက် လူမှုအဖွ့ဲအစည်းတွေ စုပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-03-04
မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သမားတွေက သူတို့ဆီကနေ သမဝါယမဝန်ကြီးဌာနက သိမ်းယူခဲ့တဲ့ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိရေး စတင်လုပ်ဆောင်တဲ့အနေနဲ့ အဲဒီမြေတွေမှာ စုပေါင်းထွန်ယက်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2014-03-04
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်တဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတဲ့ မကိုက်ညီတဲ့ပုဒ်မတွေ ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်၊ စနေနေ့က ပဲခူးမြို့မှာ လူအင်အား သုံးထောင်ကျော် ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-01
"ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ပြည်ထောင်စုသိပ္ပံအဖွဲ့" ရုံးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က တင်ပြထားပါတယ်
2014-03-01
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိနေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ပထမဆုံးအကြိမ် ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-03-01
မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က ကွန်ဂရက်လွှတ်တော်နဲ့ မြန်မာသံရုံးရှေ့မှာ ရိုဟင်ဂျာ မွတ်စလင်တွေ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2014-03-01
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမှာ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာက အစပြုပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-01
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေတို့ရဲ့ ပြောကြားချကတွေကို စုစည်းတင်ပြထားပါတယ်။ ဒီအစီစဉ်ကို RFA ရုပ်သံအစီအစဉ်မှာ သောကြာနေ့ညတိုင်း RFA ရေဒီယိုနဲ့ ရုပ်သံ TV အစီအစဉ်တွေမှာ တစ်ရက်ထဲ ထုတ်လွှင့်နေတာဖြစ်ပါတယ် ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။