သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဈာပနအခမ်းအနားကို ဒီကနေ့ ရေဝေး သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် တည်ထောင်ခဲ့တဲ့ ဒီချုပ်-နိုင်ကျဉ်း လူငယ်ဘုံရိပ်သာနဲ့ ပတ်သက်ပြီး ဒုတိယ တာဝန်ခံ ကိုသန့်ဇင်ထွန်းကို မဇင်မာဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-23
ဟံသာဝတီဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿန်မှာ ဒီနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပါတယ်။ ဆရာကြီးဦးဝင်းတင်ကို လေးစားကြည်ညိုကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် ဂါရဝပြုကြသူ အင်အား ၅ သောင်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေ့ ရေဝေးသုဿန်က ဆရာကြီးရဲ့ ဈာပနအခမ်းအနားအကြောင်း RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့ နိုင်ငံရေးသမားဘဝ၊ အကျဉ်းထောင် ထဲမှာ နေခဲ့ရတဲ့ အချိန်ကာလတွေနဲ့ စာပေသမားဘဝ အကျဉ်းချုပ်ကို မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-22
ကွယ်လွန်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အတွက် အောက်မေ့ဘွယ်အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ ယုဒသန်ရိပ်သာမှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ကျင်းပနေပါတယ်။ RFAသတင်းထောက် မရတနာဦးက စုစည်းတင်ပြထားပါတယ်။
2014-04-22
ဧပြီလ ၂၁ ရက်၊ မနေ့က ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် နေထိုင်ခဲ့တဲ့အိမ်၊ သူတည်ထောင်ခဲ့တဲ့ ဒီချုပ်-နိုင်ကျဉ်း လူငယ် ဘုံရိပ်သာအကြောင်းနဲ့၊ မနက်ဖြန်ပြုလုပ်မယ့် ဆရာကြီးရဲ့ ဈာပနအခမ်းအနားအတွက် ဒီနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြင်ဆင်ထားတာတွေကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-22
အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေအကြား လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေ တာဟာ... အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ KIA ကို အသာစီးရပြီး ထိန်းချုပ်နိုင်အောင် အစိုးရဘက်က စစ်ရေးအရ ဖိအားပေးတာ ဖြစ်တယ်လို့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောလိုက် ပါတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ဂွမ်မော် ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-22
"ပဋိပက္ခတွေကို ဘက်ပေါင်းစုံအမြင်နဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့" ရည်ရွယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ တခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-04-21
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အသက် (၈၅) နှစ်ဟာ ဒီကနေ့မနက် ၆ နာရီခွဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကွယ်လွန်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-04-21
ဒီနေ့မနက်ပိုင်းက ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အတွက် အောက်မေ့ဘွယ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒသန် ရိပ်သာမှာ ဒီနေ့ကစပြီး လာမယ့် ဧပြီလ ၂၃ ရက်နေ့အထိ ပြုလုပ်နေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-21
ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မြန်မာ့နိုင်ငံရေးရဲ့ ပဲ့ကိုင်တစ်ဦးဖြစ်တယ်လို့ ၈၈ မျိုးဆက် (ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။
2014-04-21
ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို ရေဝေးသုဿန်မှာ လာမယ့် ဧပြီလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆရာကြီးဦးဝင်းတင် ဈာပနအခမ်းအနားကို ပူးတွဲတာဝန်ယူနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို ကျမတို့ အဖွဲ့သား ကိုဝင်းနိုင်က ရေဝေးသုဿန်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-21
ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံအနီးက တန်ဖဲကျေးရွာအထိ လမ်းလျှောက်တောင်းဆိုကြသူတွေဟာ ဒီကနေ့ မန္တလေးတိုင်း မတ္တရာ မြို့နယ်ကို ရောက်ရှိနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-04-18
မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဒီကနေ့ သက်ကြီးပူဇော်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-04-18
မနေ့က မြန်မာနှစ်ဆန်းတရက်နေ့မှာ ကျောက်တန်းရေလယ်ဘုရားလို့ လူသိများတဲ့ ကျောက်တန်း မြို့နယ်၊ ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မှာ ဘုရားဖူးသူတွေ ငါးစာကျွေးသူတွေနဲ့ စည်ကားခဲ့ပါတယ်။ ဘုရားဂေါပကတွေရဲ့ အဆိုအရ ဘုရားဖူးအရေအတွက်ဟာ နှစ်ဆန်းတစ်ရက်နေ့မှာတင် ၈ သောင်းလောက် ရှိမယ်လို့ ပြောပါတယ်။ RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားပါတယ်။