သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-30
မကွေးတိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြ တောင်းဆိုဖို့အတွက် လယ်သမားတွေ စုပေါင်း ပြီး မကွေးမြို့မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-08-30
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပြီး ဘုံသဘောတူညီမှု တခု ရရှိဖို့ အတွက် ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ UNFC- ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-08-30
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက် လူမှုအဖဲ့ွအစည်းတွေ ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-08-30
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ကျနော်တို့ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-08-30
အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်အကြောင်း ဟောပြောပွဲတခုကို စမ်းချောင်းမြို့နယ်က အမျိုးသားကျန်မာရေးပြတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
2014-08-28
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးမြကြည်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ မန္တလေးမြို့က သဘင်ပညာသည်တွေ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2014-08-28
လွှတ်တော်မှာ တင်သွင်းထားတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နည်းဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖဲ့ွချုပ်ရဲ့ လွှတ်တော်ရေးရာကော်မတီနဲ့ သတင်းမီဒီယာသမားတွေ NLD ရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံ ခဲ့ကြပါတယ်။
2014-08-28
လွတ်လပ်တဲ့အာရှအသံ RFA က ရုပ်မြင်သံကြား အစီအစဉ်တွေကို ကြည့်ရှုနေရတာပါ။ အခု ဆက်ပြီး… RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2014-08-27
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တက်ရောက်ဆွေးနွေးနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ရဲ့ ပထမဆုံးအကြိမ်ညီလာခံကို ထိုင်းနိုင်ငံချင်းမိုင် မြို့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေ ပါတယ်။
2014-08-27
အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့အတွက် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-08-27
စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့ (H.O.M.E) နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအသင်းချုပ်တို့ ပူးပေါင်းပြီး စင်င်္ကာပူနိုင်ငံရောက် အိမ်အကူ အလုပ်သမားတွေကို အကူအညီပေးရေး ဆွေးနွေးပွဲတခုကို ရန်ကုန် စမ်းချောင်းမြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-08-27
ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံအဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြ ပါတယ်။
2014-08-26
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတွေ သိသိသာသာ များပြားလာတာကြောင့် ဒေသခံလူငယ်တွေက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအသင်းတွေ ဖွဲ့စည်းပြီး လုပ်ဆောင်နေပါတယ်။
2014-08-26
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လယ်ယာမြေနဲ့ တခြားမြေများ သိမ်းဆည်းခံရမှု ပြဿနာတွေကို ပြည်နယ်အစိုးရက အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးအောင် တိုက်တွန်းဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-08-26
လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာလောက်က ရန်ကုန် ဒေါပုံမြစ်အတွင်း နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ကို တူးဖော်နိုင်ဖို့ ကြိုးစားနေတာ သြဂုတ်လ ၁ဝ ရက်နေ့ ကတည်းကဖြစ်ပြီး ဒီနေ့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။