သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-23
လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လွတ်လပ်စွာ သတင်းရယူနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ရွေးကောက်ပွဲအဖွဲ့ဝင်တွေ မနေ့က ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ တွေ့ဆုံခဲ့ကြ ပါတယ်။
2014-10-23
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ လက်ရှိ ပါတီတွင်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-10-23
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့တာ ၂ နှစ် ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့အခြေအနေဟာ အခုအချိန်အထိ ရပ်တည်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
2014-10-22
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၂) မှာရှိတဲ့ “ဧရာဝတီ ဆန်နီ” အထည်ချုပ်စက်ရုံက အလုပ် သမား ၇ ရာကျော်ဟာ စက်ရုံက လစာထုတ်ပေးတဲ့ အခါ ကွာဟနေတာတွေကို ဖြေရှင်းပေးဖို့အတွက် ဆန္ဒပြနေကြပါတယ်။
2014-10-22
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၁) ထဲမှာရှိတဲ့ “ရွှေသဇင်” ဆပ်ပြာစက်ရုံက ဝန်ထမ်း တရာနီးပါးဟာ လုပ်ငန်းခွင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ရှိဖို့နဲ့၊ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့ ဒီကနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2014-10-22
တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်က လက်ရှိဖွဲ့စည်းထားတဲ့ ကော်မတီတွေမှာ လေ့လာသူအဖြစ်သာ တာဝန်မပေးဘဲ၊ ကော်မတီဝင်အဖြစ်ပါ ထည့်သွင်းတာဝန်ပေးဖို့ ဒီကနေ့လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက ဆွေးနွေးခဲ့ပါတယ်။
2014-10-22
ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ဟောင်ကောင်မှာ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အုပ်ချုပ်ရေး အာဏာပိုင်တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကနေ ရေရာရာရာ အဖြေတခုမှ မရရှိခဲ့တဲ့အတွက် နောက်ထပ်ဆွေးနွေးပွဲတွေ လုပ်ချင်မှလုပ်တော့ မယ်လို့ ပြောပါတယ်။
2014-10-22
ရခိုင်ပြည်နယ် စစ်တွေကမ်းခြေမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အလွန်အကျွံ သဲတူးတဲ့လုပ်ငန်းတွေကြောင့် ကမ်းခြေ ပျက်စီးလာနေတယ်လို့ သိရပါတယ်။
2014-10-22
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ခြောက်လပြည့်အထိမ်းအမှတ်နဲ့ “ဦးဝင်းတင်ဖောင်ဒေးရှင်း” ရဲ့ စေတနာဆေး ကုခန်း ဖွင့်လှစ်ပွဲကို ရန်ကုန် ပုဇွန်တောင်မြို့နယ်မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
2014-10-22
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးနောက် မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ အလုပ်အမှုဆောင်တွေနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
2014-10-22
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ နိုင်ငံရေးပါတီ ၆ဝ ကျော်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီနေ့တွေ့ဆုံပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို ရှင်းပြခဲ့ပါတယ်။
2014-10-22
မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ်တခု ရရှိဖိုပအတွက် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးကော်မရှင်ဟာ ရွေးကောက်ပွဲစနစ် ၈ မျိုးကို ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
2014-10-22
အခုဆက်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-20
ဒီမိုကရေစီနိုင်ငံကို အမှန်တကယ်သွားမယ်ဆိုရင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို မဖြစ်မနေပြု လုပ် ပေးဖို့လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။
2014-10-20
အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Green Hill Hotel မှာ ကျင်းပခဲ့တဲ့ အသံလွှင့် မီဒီယာဆိုင်ရာဆွေးနွေးပွဲမှာ ရုပ်သံဥပဒေမူကြမ်းကို ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေက တောင်းဆိုခဲ့ ကြပါတယ်။