သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-07
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုနိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဥပဒေကြမ်းကော်မတီနဲ့ တခြားတာဝန်ရှိသူတွေ ဧပြီလ ၆ ရက် ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2015-04-07
တက္ကသိုလ်ကျောင်းသားသမဂ္ဂ- တကသကျောင်းသားတွေဟာ ဗြိတိန်နဲ့၊ သြစတြေလျ နိုင်ငံက တက္ကသိုလ်ကျောင်းသားတွေ ဧပြီလ ၆ ရက် မနေ့က ရန်ကုန်မြို့ Alpha Hotel မှာ တွေ့ဆုံပြီး ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
2015-04-07
ဗြိတိန်နဲ့ သြစတြေလျ တက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် ကျောင်းသား ၇ ဦး ဟာ မြေလတ်ဒေသက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့လည်း မကွေးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-04-07
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) ကို လက်မှတ်ရေးထိုးနိုင်တဲ့ အထိမ်းအမှတ်အဖြစ် ဧပြီလ ၅ ရက် မနေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။
2015-04-07
ဒီနှစ်သြင်္ကန်စာဟောကြားချက်နဲ့ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံရေး အခြေအနေတွေကို ဆရာစံဇာဏီဘို က ရှင်းပြထားပါတယ်။
2015-04-04
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြို့နယ်ပါတီအသီးသီးကို လျှောက်ထားကြပါတယ်။
2015-04-04
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာမှာ ခန္တီးရှမ်းတိုင်းရင်းသား မျိုးနွယ်စုလုံးဆိုင်ရာ ဆွေးနွေးပွဲကျင်းပနေပါတယ်။
2015-04-04
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ချောင်းသာကမ်းခြေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ပင်လယ်ငါးဈေးကွက်နဲ့ ငါးခြောက် လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြပါတယ်။
2015-04-04
ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့အဝင်နားက ဗန်ဒါကုန်း ကျေးရွာဟာ အိုးလုပ်ငန်းနဲ့ နာမည်ကြီးပါတယ်။
2015-04-04
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ စတော်ဘယ်ရီ စိုက်ပျိုးသူများပြီး အဲဒီဒေသက ထွက်ရှိတဲ့ စတော်ဘယ်ရီကို မြန်မာနိုင်ငံ အနှံ့ကို တင်ပို့ ရောင်းချနေပါတယ်။
2015-04-03
မန္တလေးတိုင်း တကောင်းမြို့နယ် ပေကုန်းကျေးရွာက ရေတွင်းအများစုဟာ ရေငန်တွေသာ ထွက်နေတဲ့အတွက် ရေချိုရှားပါးမှုနဲ့ ကြုံတွေ့နေကြရပါတယ်။
2015-04-03
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဝင်မယ့် ရခိုင်အမျိုးသားပါတီ ANP ဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဧပြီလ ၂ ရက် ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2015-04-03
ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ဒေါဆိုရှေ့ကျေးရွာဟာ ၁၉၈၇ ခုနှစ်က ပြောင်းရွှေ့ခံထားရတဲ့ရွာ ဖြစ်ပါတယ်။ အဲဒီရွာက တောင်သူတွေကို ရွာဟောင်းကယာမြေတွေမှာ ပြန်လည်လုပ်ကိုင်စားသောက်ဖို့ စစ်တပ်က ပိတ်ပင်ထားတဲ့အတွက် ရွာသားတွေ စားဝတ်နေရေးအခက်အခဲ ရင်ဆိုင်နေရပါတယ်။
2015-04-03
သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် လက်ပတ်ဖြူလှုပ်ရှားမှုကို ရန်ကုန်မြို့ လှည်းတန်းဈေးအနီးမှာ လူငယ်အဖွဲ့တွေက ဧပြီလ ၂ ရက် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2015-04-03
၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း မီဒီယာတွေမှာ သတင်းရေးသားကြမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေဆွေးနွေးပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ Summit Parkview Hotel မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။