သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-30
လားရှိုးမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို လာရောက် ကြည့်ရှု စစ်ဆေးသူ နည်းပါးနေပြီး၊ ထုတ်ပြန်ထား တဲ့ မဲစာရင်းတွေမှာလည်း မှားယွင်းမှုတွေရှိနေတယ် လို့ သိရပါတယ်။
2015-06-30
ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့တဲ့မဲဆန္ဒ ရှင်စာရင်း မှန်ကန်မှုရှိမရှိစစ်ဆေးဖို့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ကွင်းဆင်း စစ်ဆေးတဲ့အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2015-06-30
အစိုးရသတင်းစာတွေထဲမှာ ကြေညာထားတဲ့ အကျဉ်းထောင်ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေပူးတွဲပြီး ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်၊ စနေနေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-06-30
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် တောင်းဆိုနိုင်ဖို့အတွက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးကြဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
2015-06-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် "ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ခေါင်းဆောင်တွေဟာ လာရှိုးမြို့က ပါတီဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ဒေသခံသတင်းထောက်တွေ နဲ့ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2015-06-30
မကွေးတိုင်းနတ်မောက်မြို့မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေကို မ,တည်ပြီး ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းကို တည်ထောင်လိုက်ပါတယ်။
2015-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီ ၆၇ ပါတီတို့ဟာ နိုင်ငံရေးပါတီတွေ၊ ကိုယ်စား လှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2015-06-27
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အတွက် အဆုြိပုထားတဲ့ ပြင်ဆင်ချက်မူကြမ်း တွေကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲ ပေးခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။
2015-06-27
ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းခဲ့ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နော်အုန်းလှကို ဒဂုံမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2015-06-27
(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး ပြသခဲ့ပါတယ်။
2015-06-27
ကယားပြည်နယ်မှာ ဒီနှစ်မိုးနောက်ကျတဲ့အတွက် ဒေသခံ လယ်သမားတွေ စပါးစိုက်ပျိုးဖို့ ရေ အလုံအလောက် မရရှိဘဲ အခက်တွေ့နေကြပါတယ်။
2015-06-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်း ကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ် ရာမှာ အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေး ပုဒ်မ ၄၃၆ (က) နဲ့၊ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို လွှတ်တော် ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲပေးခဲ့ကြ ပါတယ်။
2015-06-26
ပြည်ထောင်စုလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တွေနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-06-26
ရှမ်းပြည်နယ် တောင်ကြီးမြို့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဆက်ဆံရေးရုံးမှာ ဂျပန်နီပွန် ဖောင်ဒေးရှင်းက ပဋိပက္ခဖြစ်ပွားတဲ့နေရာ မှာနေထိုင်တဲ့ တိုင်းရင်းသားတွေအတွက် ဆေးခြင်ထောင်၊ ဆိုလာပြားနဲ့ ဆန်အိတ်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2015-06-26
အခုဆက်ပြီး “ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာက ပန်းစိုက်တောင်သူ မိသားစုတစ်စုနဲ့ တစ်နေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။