သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-30
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ RFA မြန်မာပိုင်း အစီအစဉ်က ဦးခင်မောင်စိုး ရဲ့ ရေဒီယိုအင်တာဗျူးတွေ ကို ကောက်နှုတ်ဖော်ပြထားတဲ့ "ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်း စုကြည်" စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန် ဗိုလ်တထောင်မြို့နယ် က Orchid ဟိုတယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ ပါတယ်။
2015-11-30
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်-၃၊ တိုင်ရီဖိနပ်စက်ရုံမှာ အလုပ်ရှင်က အလုပ်သမားဥပဒေတွေ ချိုးဖောက်နေတဲ့ အကြောင်း အလုပ်သမား တရာကျော်က နေပြည်တော် သမ္မတရုံးကို ဒီနေ့ သွားရောက် တိုင်ကြားခဲ့ကြပါတယ်။
2015-11-30
၈၈ မျိုးဆက်အဖွဲ့၊ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များအဖွဲ့တို့ဟာ ရှမ်းပြည် နယ်တောင်ပိုင်း ဝမ့်ဝဒုက္ခသည်စခန်းနဲ့ ဟိုက်ပါ ဒုက္ခသည် စခန်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့က သွားရောက်ပြီး အကူအညီ ပေးခဲ့ကြပါတယ်။
2015-11-28
လာမယ့်အစိုးရသစ်နဲ့ လွှတ်တော်အသစ် နှစ်ရပ်လုံး မှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်အများစု ရှိနေမှာဖြစ်တာကြောင့် အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းတာတွေ အားနည်းသွားနိုင် သလို၊ NLD ပါတီက ဦးဆောင်မယ့် အစိုးရအပေါ်မှာ လည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ အလွန် အမင်း မြင့်တက်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ က ပြောပါတယ်။
2015-11-28
သတင်းစာ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို မန္တလေးမြို့ ဓမ္မသာလာခန်းမမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ ဒီအခမ်းအနားမှာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေက လူထုဒေါ်အမာကို ဂုဏ်ပြုတဲ့စာတမ်းတွ ဖတ်ကြားခဲ့ကြပါတယ်။
2015-11-28
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ ဖားကန့်ဒေသခံတွေကို နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ဒေသခံတွေက ဥရုချောင်းတိမ်ကောလာပြီး ရေကြီးလို့ လူနေအိမ်ခြေတွေ နှစ်စဉ်ရေနစ်မြုပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။
2015-11-28
အောက်တိုဘာလတုန်းက အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်လိုက်တဲ့ မြန်မာကျောက်စိမ်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာပါတဲ့ အကြောင်းအရာတွေဟာ တဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက နိုဝင်ဘာလ ၂၇ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
2015-11-28
လာမယ့် ဇန်နဝါရီလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ မူဘောင်-မူကြမ်းရေးဆွဲရေး ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-11-27
မနေ့က တန်ဆောင်မုန်းလပြည့်နေ့က မြို့ကြီးအတော်များများမှာ စတုဒိသာနဲ့ နိဗ္ဗာန်ဈေးပွဲတော် ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့နဲ့ ပျဉ်းမနားမြို့တွေက စတုဒိသာနဲ့ နိဗ္ဗာန်ဈေးပွဲတော်တွေအကြောင်း RFA သတင်းထောက် ကိုထက်အာကာက စုစည်းတင်ပြထားပါတယ်။
2015-11-27
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ NDF ပါတီက ဒေါ်ခင်ဝိုင်းကြည်၊ အမျိုးသားဒီမိုကရေစီပါတီသစ်က ဦးသိန်းညွန့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စာရေးဆရာ ဦးကျော်ဝင်းစတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ် ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာ တွေမှာ ပြောကြား ကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-11-26
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ သမ္မတရွေးကောက်တင်မြှောက်ဖို့အတွက် လွှတ်တော်မှာ ဒုတိယသမ္မတ ၂ ဦး အမည်စာရင်း တင်သွင်းခွင့်ရရှိထားပါတယ်။
2015-11-26
ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေက ဈေးသည်အများစုဟာ ရခိုင်ချိန်ခွင်လို့ခေါ်တဲ့ "သိုက်" ကို အလေးချိန်တိုင်းတာတဲ့ ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။
2015-11-26
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-11-26
ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ဓမ္မသာလခန်းမမှာ စတင်ကျင်းပနေပါတယ်။
2015-11-26
ရန်ကုန်မြို့ လမ်းမတော် ၁၃လမ်းအောက်ဘလောက်မှာ ကာတွန်းဆရာကြီး အလကာၤကျော်စွာ ဦးဘဂျမ်းအမှတ်တရ ကာတွန်ပြပွဲနဲ့ ပြိုင်ပွဲကို ဒီနှစ်မှာ "အပြောင်းအလဲ" ဆိုတဲ့နာမည်နဲ့ ပြသနေပါတယ်။