သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-14
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2016-01-13
ရခိုင်ပြည်နယ်မှာ အစိုးရနဲ့ ရခိုင့်တပ်မတော်အကြား တိုက်ပွဲတွေရပ်တန့်ရေးအတွက် ကျောက်တော်မြို့ မှာ ဒေသခံတချို့ ဆန္ဒပြခဲ့ကြပါတယ်။
2016-01-13
နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၄ ဦး ဆွေးနွေးခဲ့ပါတယ်။
2016-01-13
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်း ကျေးရွာအုပ်စုထဲမှာရှိတဲ့ မင်းတည်းကျေးရွာကို လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ နောက်ဆံးထားပြီး အပြီးအပိုင် ဖယ်ရှားပေးဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာနေဒေသခံတွေကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
2016-01-13
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးနဲ့ ကန်ပိုက်တီး ဒေသတဝိုက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
2016-01-13
ငါးရက်ကြာပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ ကို နေပြည်တော်မှာ ဒီနေ့ ကျင်းပနေပါတယ်။ ဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးနေတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်း ထားပါတယ်။
2016-01-12
မြန်မာ့ကာတွန်း နှစ်တရာပြည့် သက်တမ်း မှာ မြန်မာကာတွန်းဆရာတွေရဲ့ နိုင်ငံရေး လူမှုရေးအမြင်တွေနဲ့ ကာတွန်းတွေကို လူထုက ပြန်လည် စိတ်ဝင်စားလာ တာ တွေ့ရပါတယ်။
2016-01-12
ရခိုင်ပြည်နယ် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်က ကျူးကျော်တဲအိမ်ပေါင်း ၇ဝ ကျော်ကို ၇ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၁၂ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။
2016-01-12
လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးဥပဒေတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခု ဆွေးနွေးဖို့ ကျန်နေပါတယ်။
2016-01-12
ရန်ကုန်မြို့ ကမ်းနားလမ်းတလျှောက်၊ ဝါးတန်းဘူတာကနေ လင်းစဒေါင်းထိ ဇန်နဝါရီလ ၁ဝ ရက်နေ့က စတင်ပြီး လျှပ်စစ်ရထား ပြေးဆွဲနေပါတယ်။ လျှပ်စစ်ရထားစီးပြီး နေ့စဉ်သွားလာကြသူတွေ နည်းနေသေးတယ်လို့ သိရပါတယ်။
2016-01-12
ဇန်နဝါရီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ငါးရက်ကြာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
2016-01-11
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ Arakan Army ရခိုင့်တပ်မတော် အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး အတွက် မြောက်ဦးမြို့ မှာ ဒေသခံတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-01-11
ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့က မင်္ဂလာဈေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၁၆ဝဝ လောက် မီးထဲ ပါသွားခဲ့ပါတယ်။
2016-01-11
ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ရန်ကုန်- ရန်ကင်းမြို့နယ် ရန်ကင်းစင်တာရှေ့မှာ တေးဂီတနဲ့ အလှူခံခဲ့ကြပါတယ်။
2016-01-11
၇၈ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ကရင်ပြည်နယ် ဖားအံမြို့နဲ့၊ ရန်ကုန်တိုင်းက အင်းစိန်နဲ့ အလုံမြို့နယ်တွေမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။