သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-16
တန်ဆောင်တိုင်ကာလမှာ နှစ်စဉ်ကျင်းပတဲ့ မီးပုံးပျံပြိုင်ပွဲနဲ့တန်ဆောင်မုန်းလပြည့်ညမှာ မြတ်စွာဘုရားကို ဆီမီး ပူဇော်တဲ့အနေနဲ့လှည့်လည်တဲ့ မီးပဒေသာ ပြိုင်ပွဲတွေကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ မနေ့ကညအထိ ကျင်းပခဲ့ပါတယ်။
2016-11-14
ကချင်ပြည်နယ်က အစိုးရ ထိန်းချုပ်ဧရိယာထဲမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အိမ်ထောင်စု အလိုက် တနိုင် တပိုင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် EU ဥရောပသမဂ္ဂက ပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီးငွေအရင်းအနှီးထုတ်ချေးပေးနေပါတယ်။
2016-11-14
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ လူငယ်တွေ တီထွင်ဖန်တီး ထားတဲ့ အဝေးထိန်းလေယာဉ်ငယ် ပြပွဲနဲ့ ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပနေပါတယ်။
2016-11-14
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ အခုရက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု တွေနဲ့ ဆက်နွယ်ပြီး လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် ကူညီကယ် ဆယ်ရေးအဖွဲ့တွေ သွားလာခွင့်တွေကို လုံခြုံရေးတပ်ဖွဲ့က ယာယီကန့်သတ် ထားပါတယ်။
2016-11-14
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသ တရုတ်နိုင်ငံ ရွှေလီမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီးမှာ ရိုးရာ ကထိန်ပွဲတော် ကျင်းပခဲ့ပါတယ်။
2016-11-12
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven Media ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ဟာ ဒီကနေ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ ကိုယ်တိုင် လာရောက်ပြီး အဖမ်းခံခဲ့ပါတယ်။
2016-11-12
စစ်ကိုင်းမြို့က Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့ပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အလုပ်သမားတွေနဲ့ ဝန်းရံသူကျောင်းသား စုစုပေါင်း ၁၂ ယောက်ဟာ ဒီကနေ့ ရမည်းသင်း အကျဉ်းထောင်ကနေ လွတ်မြောက်လာကြပါတယ်။
2016-11-12
သမ္မတဟောင်းဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို စော်ကားတဲ့ စာသားတွေကို Facebook ပေါ်မှာ ကြက်ဖကြီး အမည်နဲ့ ရေးသားခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ် တရားရုံးက ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုဥပဒေ ၊ အလံဥပဒေတို့နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်ပါတယ်။
2016-11-12
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်က ဟိုနားကျေးရွာဟာ ရှမ်းရိုးရာ မြေထည် လက်မှု လုပ်ငန်းတွေကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ကြတာဖြစ်ပါတယ်။
2016-11-12
နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မနေ့က မိုးသည်းထန်တဲ့ အတွက် ကျေးရွာ တချို့ ရေမြုပ်ပြီး သီးနှံတွေလည်း ဧကထောင်နဲ့ချီပြီး ပျက်စီးခဲ့ပါတယ်။
2016-11-11
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2016-11-11
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ-UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် တို့ နိုဝင်ဘာလ (၁ဝ) ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ ဒုတိယမြောက်နေ့အဖြစ် တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-11-11
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁ လပြည့် အထိမ်းအမှတ်အဖြစ် "အနောက်တံခါးအေးချမ်းပါစေ" ခေါင်းစဉ်နဲ့ ဆုတောင်းပွဲတစ်ရပ်ကို စစ်တွေတက္ကသိုလ်က အဝေးသင် ကျောင်းသူ၊ ကျောင်းသား တွေက စစ်တွေမြို့ လောကနန္ဒာဘုရားမှာ မနေ့ညက ပြုလုပ်ခဲ့ကြပါတယ်။
2016-11-10
အမေရိကန် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် တဲ့ပွဲကို ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel နေအိမ်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2016-11-10
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဒေါ်လာတစ်သိန်းနီးပါး တန်ဖိုးရှိတဲ့ Patek Phillipe နာရီ မပေးခဲ့ဖူးဘူးလို့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ရန်ကုန်မြို့ Novotel ဟိုတယ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ငြင်းဆိုလိုက်ပါတယ်။