သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-10
Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် နဲ့ Eleven Media Group ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်မြို့ တာမွေမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာလ (၉) ရက်နေ့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2016-11-10
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Peter Lis-holt Hansen ဟာ စစ်တွေမြို့က အရပ်ဘက် အဖွဲ့အစည်းတချို့နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-11-09
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းအစိုးရ ဘတ်ဂျက်အသုံးစရိတ်ထဲက ပိုလျှံငွေ ကျပ်သန်းပေါင်း တသောင်းကျော်ကို လမ်းတံတားဆောက် လုပ်ရေးတွေမှာ အသုံးပြုဖို့ တိုင်းလွှတ်တော်ကို တင်ပြထားပါတယ်။
2016-11-09
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံဟာ မြန်မာမီဒီယာ လောကအတွက် ဘယ်လောက် အထောက်အကူဖြစ်နိုင်မယ် ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2016-11-09
တိုင်းရင်းသားဒေသတွေမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ တိုင်းရင်းသားမီဒီယာတွေ ရဲ့ ရပ်တည်ရေးတွေဟာ လက်ရှိအချိန်အထိ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ် လို့ တိုင်းရင်းသား မီဒီယာသမားတွေက ပြောပါတယ်။
2016-11-09
ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံသတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-11-09
သဘောၤသားစာမေးပွဲ စနစ်တွေ ပြင်ဆင်ပေးဖို့နဲ့၊ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနအတွင်း ပျက်စီးနေတဲ့စနစ်တွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် သင်္ဘောသား တရာကျော် ရန်ကုန်မြို့ ဗန္ဓုလပန်းခြံအနီးမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-11-08
ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန် မြောက် ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်မှာ ရခိုင်ပြည်နယ်က မွတ်ဆလင် ၁၇ ဦးကို အထောက် အထားမဲ့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
2016-11-08
သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ မန္တလေးအခြေစိုက် လယ်သမားအရေးလှုပ်ရှားသူ ၂ ယောက်ရဲ့အမှုကို ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-11-08
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ အိမ်၊၊ခြံ၊မြေ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးပွဲ ကို နေပြည်တော် ဇမ္ဗူသီရိဟိုတယ်မှာ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2016-11-07
မကွေးတိုင်းအတွင်းက လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဖို့ မလွယ်ကူသေး ဘူးလို့ တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရ မှုများ ပြန်လည်စိစစ်ရေး ကော်မတီက ပြောလိုက်ပါတယ်။
2016-11-07
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နမ့်လန် တိုက်နယ်ကျေးရွာက စည်ပင်သာယာဈေးမှာ နိုဝင်ဘာလ ၆ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားတဲ့အတွက် ဆိုင်ခန်းငါးရာကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2016-11-07
မကွေးတိုင်း အစိုးရအဖွဲ့အနေနဲ့ လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို စိစစ် ဆောင်ရွက်နိုင် ခဲ့တဲ့အတွက် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် မှာ ကျပ်ငွေ ၁ဝ ဘီလီယံကျော် သက်သာ သွားတယ်လို့ ဒီကနေ့ ကျင်းပတဲ့ တိုင်းလွှတ်တော်အထူးအစည်းဝေးမှာ တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညို က ပြောလိုက်ပါတယ်။
2016-11-05
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး ရမန်ယူခဲ့ပါတယ်။
2016-11-05
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ ပြုလုပ်မယ့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတခုကို မြို့နယ်ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။