သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-17
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ - ရှမ်းပြည်တပ်မတော် RCSS/SSA အဖွ့ဲ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ရှမ်းတိုင်းရင်းသား ဒေသခံတွေနဲ့ ဒီကနေ့ လားရှိုးမြို့မှာ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ အကြောင်း ရှင်းလင်းခဲ့ပြီး၊ ဒေသခံတွေရဲ့ အခက်အခဲတွေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
2016-03-17
အစိုးရသစ်လက်ထက်မှာ ထားရှိမယ့် ဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုဝန်ကြီး အရေအတွက်ကို သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို တင်ပြလိုက်ပါတယ်။
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်ကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
2016-03-16
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ဘုရင့်နောင်ဈေးမှာ မတ်လ ၁၆ရက်နေ့ မနက်က မီးလောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၄၀ ကျော် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
2016-03-16
မကွေးမြို့နယ် ညောင်ပင်သာကျေးရွာမှာ ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားတဲ့အတွက် တရွာလုံးနီးပါး ပျက်စီးလောင်ကျွမ်းသွားပါတယ်။ မီးသတ်ကား ဝင်နိုင်လောက်တဲ့ လမ်းမရှိတာကြောင့် ညနေ ၅ နာရီအထိ မီးမငြိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။
2016-03-16
ကျပ်ငွေသိန်းပေါင်းများစွာ အကုန်အကျခံပြီး တည်ဆောက်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဟာ ဖွင့်လှစ်ခဲ့တာ တစ်လကျော်အပြီးမှာ ပျက်ဆီးနေတာကြောင့် လွိုင်ကော်တက္ကသိုလ်က ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်လိုက်ကြပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့ ရှုခင်းသာလမ်းမှာရှိတဲ့ View Point ခေါ် ပွိုင့်အပန်းဖြေ စခန်းမှာ လူတစ်ဦးကို ဝင်ကြေးငွေ ၃ဝဝ ကျပ်စီကောက်ခံနေတာကြောင့် ဒေသခံတွေ က ကန့်ကွက်နေပါတယ်။
2016-03-16
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်က ကျေးရွာ ၁၀၀ ကျော်ဟာ သောက်သုံးရေ ပြတ်တောက်တာနဲ့ ကြုံတွေ့ရတာကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ကဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က သောက်သုံးရေ သိုလှောင်ဖြန့်ဝေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။
2016-03-16
မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်တဲ့ မကွေးတိုင်း ရေနံချောင်း မြို့နယ်မှာ အယ်နီညို ရာသီဥတုဒဏ်ကို ခံစားနေရပြီဖြစ်ပြီး၊ ကျေး ရွာတော်တော်များများမှာ ရေတွင်းရေကန်တွေ ခမ်းခြောက်နေပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တောကန်ကျေးရွာမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ကျေးလက်ကျန်းမာရေးဌာနတစ်ခုကို ကျန်းမာရေးဝန်ကြီးဌာနထံ ဒီနေ့ လွှဲပြောင်းပေးခဲ့ပါတယ်။
2016-03-16
ပညာရေးဥပဒေပြင်ဆင်ပေးဖို့ တောင်းဆိုလှုပ်ရှားတဲ့ ကျောင်းသားသပိတ် အကြောင်း မြန်မာဓာတ်ပုံသတင်းထောက်တွေ ရိုက်ကူးထားတဲ့ "ချောင်ပိတ်မိခြင်း" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ၄၄ လမ်းမှာရှိတဲ့ "မြန်မာဒိတ္တ" ပြခန်း မှာ ပြသခဲ့ပါတယ်။
2016-03-16
မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းတလျှောက် ကျုးကျော်နေထိုင်ကြသူတွေအတွက် တိုင်းဒေသကြီးအစိုးရက အငှားအိမ်ယာတွေ မဲဖောက် ငှားရမ်းပေးနေရာမှာ မဲမပေါက်တဲ့သူတွေဟာ လက်ရှိ သူတို့နေအိမ်တွေ ဖျက်ဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။
2016-03-16
တစ်ပတ် ဒုတိယပိုင်းအနေနဲ့ ကချင်ပြည်နယ် မိုင်းနောင် ရွှေလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့ရာမှာ သိရှိခဲ့ရတဲ့ ရွှေလုပ်သားတွေအကြောင်းကို တင်ပြပေးမှာပါ။
2016-03-16
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အခုလ၆ရက်နေ့ကစတင်ပြီး အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဖြစ်တဲ့ တအာန်း TNLA, ကချင် KIA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ ပိတ်မိနေတဲ့ဒုက္ခသည်တွေကို ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာက သံဃာတော်တွေက သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။
2016-03-16
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ကို တင်မြှောက်လိုက်ပါတယ်။