သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-10
အစိုးရသစ်ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့တွေက ဒီနေ့ အဆိုပြု တင်သွင်းခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက ဦးထင်ကျော်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းတို့ကို အဆိုပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှာ NLD ပါတီက ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးခင်အောင်မြင့်တို့ကို အဆိုပြုခဲ့ကြတာပါ။
2016-03-10
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ တဲ့အတွက် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ ကျောင်းသားတွေ ၊ ဝန်းရံသူတွေကို သင်္ဃန်းကျွန်းမြို့နယ် နဲ့ ကျောက်တံတားမြို့နယ်တရားရုံးတွေမှာ မတ်လ ၉ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-03-10
စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက်အဖွဲ့က မမီးမီးဟာ တရားစွဲဆိုမှုအပေါ် လက်မခံဘဲ အာမခံလည်း မယူတဲ့အတွက် အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
2016-03-10
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို ထောက်ခံကြောင်းနဲ့ တရားစီရင်ရေးမှာ မျှတမှုရှိဖို့အတွက် အရပ်ဖက်လူမှု အဖွဲ့အစည်းကွန်ရက် ၂၆ ခု စုပေါင်းတောင်းဆိုလိုက်ကြပါတယ်။
2016-03-10
တောင်ကိုရီးယားကုမ္ပဏီတခုနဲ့ မြန်မာဦးပိုင်ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်နေတဲ့ INNO အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ထောင်နီးပါးဟာ လုပ်ခလစာ တိုးပေးဖို့နဲ့ တခြား ခံစားခွင့်တွေ ရဖို့အတွက် ဆန္ဒပြနေတာ ဒီကနေ့ပါဆိုရင် ၂ ရက်ရှိပြီ ဖြစ်ပါတယ်။
2016-03-10
မွန်ပြည်နယ် ရေးမြို့နယ်၊ ဖာလိန်ကျေးရွာအုပ်စုအတွင်းက သယံဇာတကြွယ်ဝပုံနဲ့ လူမှုစီးပွားဖြစ်ထွန်းပုံ သုတေသန အစီရင်ခံစာကို ဒေသခံလူငယ်တွေက ထုတ်ပြန်လိုက်ပြီး ရေးမြို့နယ်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လက်မခံကြောင်း ပြောပါတယ်။
2016-03-10
မကွေးတိုင်းအတွင်းက ကျေးရွာတချို့မှာ သောက်ရေ ပြတ်လတ်နိုင်တဲ့အတွက် စက်ရေတွင်းတွေ တူးဖော်နေကြရာမှာ ရေချိုရဖို့ ခက်ခဲနေပါတယ်။
2016-03-08
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာမှာ သစ်တောဦးစီး ဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ မူလတောင်သူတွေက ဆန္ဒပြပြီး ခြံစည်းရိုး ဝင်ရောက်ခတ်ခဲ့ပါတယ်။
2016-03-08
လွှတ်တော်ထဲက တပ်မတော်သား လွှတ်တော်ကိုယ်စာလှယ်တွေ ထွက်သွားဖို့ တောင်းဆိုခဲ့တဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကို ရန်ကုန် ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ မတ်လ ၈ ရက်နေ့ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2016-03-08
မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို အမျိုးသမီးအဖွဲ့များကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့ ပြည်သူရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။
2016-03-08
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။
2016-03-08
မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းက စပြီး ရွှေတူးဖော်ရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ များပြားလာပါတယ်။
2016-03-08
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၂ဝ၁၂ ခုနှစ်ကတည်းက ပေါ်ပေါက်လာတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းနဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေ ရှိနေပါတယ်။
2016-03-08
မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းကစပြီး ရွှေတူးဖော်ရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ များပြားလာပါတယ်။
2016-03-07
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မှုခင်းတစ်ခုနဲ့ ပတ်သက်ပြီး မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် တောင်ပြုံးကြီးကျးရွာ က ဒေသခံတွေ မတ္တရာမြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။