သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-30
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန် တို့ ဇွန်လ (၂၉) ရက်နေ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေတဲ့ အကြောင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ထိုင်းအရာရှိတွေကို တာဝန်ကနေ ရပ်နားလိုက်တဲ့ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။
2016-06-30
စစ်ကိုင်းမြို့က Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမား ၁၅ ယောက်ကို ဇွန်လ ၂၉ ရက်နေ့က ရုံးထုတ်ရာမှာ အလုပ်သမားတွေက သူတို့ကို အခုလို လက်ထိပ်ခတ်တာကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
2016-06-30
၂၁ ရာစုပင်လုံညီလာခံအပေါ် သုံးသပ်ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-06-30
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ လူ့ဘောင်သစ် ပါတီ ဥက္ကဌ ဦးဇေယျကို လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ လူဘောင်သစ်ပါတီရဲ့ သဘောထားတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော် က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-06-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့တို့ ဒီကနေ့ နေပြည်တော်က The Horizon Lake View ဟိုတယ်မှာ တွေ့ဆုံ ခဲ့ပါတယ်။
2016-06-29
ပဋိပက္ခဖြစ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကိုယ်စားလှယ်တွေ ဒီကနေ့ သွားရောက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။
2016-06-29
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန် -မန္တလေး မြို့ရှောင်လမ်းအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေနဲ့ သီးနှံတွေတွေ အတွက် လျော်ကြေးငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တောင်သူတွေကို ဇွန်လ ၂၈ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။
2016-06-29
ပြီးခဲ့တဲ့ အစိုးရလက်ထက်က သမ္မတစီမံကိန်း ဘတ်ဂျက်သိန်းပေါင်း တသောင်းခြောက်ထောင်နဲ့ တည်ဆောက်ခဲ့တဲ့ မကွေးတိုင်း မင်းဘူးမြို့ မြစ်ရေတင်စီမံကိန်းဟာ အခက်အခဲပေါင်း များစွာနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
2016-06-29
ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေရဲ့ဘဝမြှင့်တင်ရေး အတွက် ကယားပြည်နယ် လွိုင်ကော်မြို့မှာ အရပ်ဖက်လူမှု အဖွဲွ့အစည်းတွေ ဆွေေးနွး တခု ကျင်ပခဲ့ပါတယ်။
2016-06-29
ရန်ကုန်လို နေထိုင်စားသောက်မှု စားရိတ်ကြီးတဲ့မြို့ တမြို့မှာ အိမ်ငှားခ တလ ကျပ် သုံးသောင်း လေးသောင်းလောက်သာ တတ်နိုင်တဲ့ မိသားစုတွေအဖို့ ရပ်တည် နေထိုင်ရေးအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရသလဲဆိုတာကို RFA သတင်းထောက် ကိုအောင်သိင်္ခက ရိုက်ကူး တင်ပြထားပါတယ်။
2016-06-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ငွေကျပ် သန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၈ သိန်းခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
2016-06-28
မန္တလေးမြို့က ပြည်ကြီးတံခွန်မြို့နယ်မှာ မန္တလေး တိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့စပြီး မှတ်ပုံတင် အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။
2016-06-28
ကျိုက်ထီးရိုးတောင်ပေါ်မှာ ရိုးရိုးလေးကုမ္ပဏီက ပိုပြီးတည်ဆောက်ထားတဲ့ တည်းခိုဆောင်ထဲက အခန်း တစ်ရာ့ခြောက်ခန်းကို တစ်လအတွင်း အပြီး ဖျက်ပေးဖို့နဲ့ မလိုက်နာပါက လုပ်ငန်းအားလုံးကို ရပ်ဆိုင်းသွားဖို့ ညွှန်ကြား သွားမယ်လို့ ဒီနေ့ နေပြည်တော် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးရုံးမှာ ကျင်းပတဲ့ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2016-06-28
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စဟန်ဟီးလီဟာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့ ဇွန်လ ၂ရရက်နေ့က တွေ့ဆုံခဲ့ ပါတယ်။
2016-06-28
ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အစိုးရ ဌာနဆိုင်ရာအဖွဲ့တွေ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။