သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-08
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ပင်လယ်ကမ်းခြေမှာ ဒီရေတောတွေ ပြန်လည်စိုက်ပျိုးပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဒီနေ့ ထောက်ခံဆွေးနွေးပြီး အဆိုကို မှတ်တမ်းတင်လိုက်ပါတယ်။
2016-06-08
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) ဖွဲ့စည်းမှုအနှစ် (၂၀) ပြည့် အခမ်းအနားကို လားရှိုးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုခန်းမမှာ ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-06-08
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားပြီးဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော် အကြား ပြီးခဲ့တဲ့မေလက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2016-06-07
တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ တရား မဝင် ရောင်းဝယ်ဖောက်ကားတာတွေကို လုံးဝ လက်ခံမှာမဟုတ်ဘူးလို့ သမ္မတ ဦးထင်ကျော် က ပြောလိုက်ပါတယ်။
2016-06-07
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေကို မေတ္တာ အိုးဝေ ဖောင်ဒေးရှင်းက ပညာရေး ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းတဲ့ အခမ်းအနားကို ရန်ကုန်- သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက်အဖွဲ့ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-06-07
ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄ ၊ ၁၉၇၅ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေက ဇွန်လ ၆ရက်နေ့က နှစ်ပတ်လည်အခမ်းတစ်ရပ် ကျင်းပလိုက်ပါတယ်။
2016-06-07
အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့- မဘသ တည်ထောင်ခြင်း သုံးနှစ်ပြည့်ညီလာခံကနေ သတင်း မီဒီယာတွေကို သတိပေးပြောကြား လိုက်သလို၊ ဖမ်းဆီးခံထားရတဲ့ ဦးနေမျိုးဝေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2016-06-07
မန္တလေးတိုင်း ပလိပ်မြို့၊ "ပန်ဒါ" ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ချိုးဖောက်တဲ့အတွက် အရေးယူပေးဖို့ အလုပ်သမားခေါင်းဆောင်တချို့ နေပြည်တော်က ဝန်ကြီးဌာနရုံးချုပ်တွေကို သွားရောက်တိုင်ကြားခဲ့ကြပါတယ်။
2016-06-07
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ စစ်ပြေးဒုက္ခသည် ၃ ရာကျော် ရှိနေပါတယ်။
2016-06-04
၂၁ ရာစုပင်လုံညီလာခံ (သို့) ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့က ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ဝ၁၆ ဇွန်လ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-06-04
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ "ပန်ဒါ" ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံ အလုပ်သမား ၃ ရာကျော်ဟာ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ချိုးဖောက်တယ်ဆိုပြီး စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။
2016-06-04
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ကျေးရွာက "ရတနာမာန်အောင်" သီလရှင်စာသင်တိုက်မှာ ဆုံဆို့နာ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ အတွက် ကျောင်းတိုက်အဝင်အထွက်ကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနက ပိတ်ပင်လိုက်ပြီး၊ သံဃာတော်တွေနဲ့ သီလရှင်တွေကို ကာကွယ်ဆေး နေ့စဉ်သောက်ဖို့ စီစဉ်နေပါတယ်။
2016-06-04
တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်ထုတ်ပေးဖို့ ရှိ မရှိ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ အစိုးရအနေနဲ့ ၉ ကြိမ်ဆောင်ရွက် ပြီး ဖြစ်တာကြောင့် ထပ်မံလုပ်ဆောင်ပေးဖို့မရှိကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဆွေးနွေးခဲ့ပါတယ်။
2016-06-04
ဆက်သွယ်ရေးခက်ခဲနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ GSM တာဝါ တိုင်ဆောက်လုပ်ဖို့စီစဉ်နေပြီး ၂၀၁၇ မတ်လမှာ အသုံးပြုနိုင်မှာဖြစ်သလို အော်ရီဒူးနဲ့ တယ်လီနော ဆက်သွယ်ရေး လုပ်ငန်းတွေကလဲ ၂၀၁၆ ဒီဇင်ဘာမှာ အသုံးပြုနိုင်အောင် စီစဉ်နေကြောင်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး က ပြည်သူ့လွှတ်တော်မှာဆွေးနွေးခဲ့ပါတယ်။
2016-06-04
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။