သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-31
၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်း အရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း နေထိုင်တဲ့ လူဦးရေ ၅ သန်းကျော်ရှိပြီး၊ လက်ရှိ ၂ဝ၁၇ ခုနှစ်မှာ ၆ သန်းနီးပါး ရှိလာပြီလို့ ခန့်မှန်းရပါတယ်။
2017-10-31
မြန်မာနိုင်ငံမှာ နိုင်ငံရေးပွင့်လင်းလာပြီး နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတဲ့ တချိန်တည်းမှာပဲ လူမျိုးရေး ဘာသာရေးဆန်ဆန် အမုန်းစကား ပြောဆိုမှုတွေလည်း ပိုများလာနေတာ တွေ့ရပါတယ်။
2017-10-31
ရခိုင်ပြည်နယ်မြောက်ပိုင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အခြေခံပြီး လူထုအကြားမှာ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေကြောင့် မြန်မာနိုင်ငံအနှံ့က အစ္စလာမ်ဘာသာဝင်တွေ ကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
2017-10-31
ရခိုင်ပြည်နယ်အရေးအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တွေဟာ ၂ဝ၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့က ရန်ကုန် ဗဟန်းမြို့နယ် သံလွင်လမ်းက ပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-10-31
၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂ဝ၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့က ကျင်းပခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-10-30
လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုမြင် ပါသလဲ၊ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်နိုင်သေး သလား... စတာတွေနဲ့ပတ်သက်ပြီး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို RFA အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2017-10-30
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများရှင်းလင်းပွဲကို ၂ဝ၁၇ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပါတယ်။
2017-10-30
၂ဝ၁၇ အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံတဲ့ အခမ်းအနားကို သံဃာတော်နဲ့ လူပုဂ္ဂိုလ်အင်အား တသောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။
2017-10-28
အောက်တိုဘာလ ၂၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " လွတ်လပ်စွာ တရားစီရင်ခွင့် ရှိနေပြီလား" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ ) နဲ့ ကိုနစ်ကီ (Fortify Rights) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-10-28
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပညာရေးမှူးနဲ့ ဒုတိယပညာရေးမှူး နှစ်ဦးကို ငွေအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက အရေးယူထားတဲ့အပေါ် မကျေနပ်တဲ့ ငါန်းဇွန်မြို့နယ် ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေ အောက်တိုဘာလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဆက်ပိုင်တိုး ပေးပို့ပြီး မဝေမာထွန်းက တင်ပြထားပါတယ်။
2017-10-27
ကချင်ပြည်နယ်မှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲကြောင့် အမျိုးသမီးတွေ တရုတ် နိုင်ငံဘက် လူကုန်ကူးခံရတာတွေ ရှိနေပါတယ်။
2017-10-26
ပြည်သူ့လွှတ်တော်မှာဆွေးနွေးပြီး အမျိုးသား လွှတ်တော်ကို ပေးပို့လိုက်တဲ့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို အောက်တိုဘာလ (၂၆) ရက်နေ့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုက ဥပဒေကြမ်း ကို ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။
2017-10-26
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရားရုံးမှာ ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ရာမှာ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို စစ်ဆေးခဲ့ပါတယ်။
2017-10-26
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၂၉ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ အောင်မြေဘုံသာရှမ်းကျောင်းမှာ ၂ဝ၁၇ အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2017-10-26
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည် စိစစ်လက်ခံရေးအပါအဝင် အချက် ၁ဝ ချက်ကို မနေ့က ကျင်းပတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးမှာ သဘောတူခဲ့ကြ ပါတယ်။