သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-30
ဇူလိုင်လ ၂၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ် မှာ "လူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yanghee Lee ရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးအောင်မျိုးမင်း (ဒါရိုက်တာ - ညီမျှခြင်းမြန်မာ) က ပင်တိုင် ဆွေးနွေး မှာ ဖြစ်ပါတယ်။ တယ်လီဖုန်းကနေ တဆင့် ဆွေးနွေးမယ့်သူကတော့ ဒေါ်ခင်လေး (Triangle Women) ဖြစ်ပါတယ်။
2017-07-29
မန္တလေးမြို့မှာ သိမ်းဆည်းခံမြေယာတွေ ပြန်ရဖို့ အတွက် ၂၂ ရက်ကြာ သပိတ်စခန်းဖွင့်ပြီး တောင်း ဆိုနေကြတဲ့ တောင်သူတွေထဲက ၁၂ ယောက်ကို ဖမ်းဆီးလိုက်ပြီး ၁ဝ ယောက်ကို ပြန်လွှတ်ပေး လိုက်ပါတယ်။
2017-07-29
မတရားသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦး အပါအဝင် စုစုပေါင်း ၆ ဦးကို သီပေါမြို့နယ်တရားရုံးမှာ ဇူလိုင်လ ၂၈ ရက်နေ့က တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို စတင် စစ်ဆေးခဲ့ပါတယ်။
2017-07-29
H1N1 ရောဂါကာကွယ်ရေး ပညာပေးလှုံ့ဆော်တဲ့ အနေနဲ့ သင်္ဃန်းကျွန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ကျန်းမာရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့စည်း စုပေါင်းပြီး ပညာပေး ဗွီနိုင်းပိုစတာတွေကို သင်္ဃန်းကျွန်းမြို့နယ် က ကျောင်းတွေ ဈေးတွေမှာ ဇူလိုင်လ ၂၈ရက်နေ့မှာ လိုက်လံကပ်ခဲ့ပါတယ်။
2017-07-29
နိုင်ငံတဝှန်းမှာဖြစ်ပွားနေတဲ့ သစ်မှောင်ခိုမှုတွေ၊ သစ်ခိုးထုတ်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
2017-07-29
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-07-27
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ပြန် ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာ အဖွဲ့ အစည်းတွေဟာ ဇူလိုင်လ ၂၇ ရက်နေ့ က နေပြည်တော်က ပြန်ကြားရေးဝန်ကြီး ဌာနမှာ "မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။
2017-07-27
ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အမျုးိသားရေး လှုပ်ရှားတက်ကြွသူတွေကို အမိန့်မချသေးဘဲ မကြာခဏ ရုံးချိန်း ချိန်းဆိုနေတဲ့အပေါ် မကျေနပ်တဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေ ကမာရွတ်မြို့နယ်တရားရုံးကို ဇူလိုင်လ ၂၇ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-07-27
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ရိက္ခာနဲ့ အခြေခံပစ္စည်းတွေ ထောက်ပံ့နေတဲ့အပြင်၊ ဒုက္ခသည်တွေ ရေရှည်ရပ် တည်ရေးအတွက် အသက်မွေးဝမ်းကြောင်းသင်တန်း ၁၅ ခု ဖွင့်လှစ်ပြီး သင်ကြားပေးနေပါတယ်။
2017-07-27
မကွေးတိုင်း ပွင့်ဖြူမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကြေးရုပ်တု စိုက်ထူဖို့ မြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ ညှိနှိုင်းဆောင်ရွက်နေပေမယ့် ကြေးရုပ် သယ်ယူလာပြီး ၁ဝ ရက်ကြာတဲ့အထိ အတည်တကျ နေရာချထားလို့ မပြီးသေးဘူးလို့ သိရပါတယ်။
2017-07-26
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ သတင်း ထုတ်ပြန်ချက် အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2017-07-26
ရခိုင်အမျိုးသားပါတီအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေတဲ့ အခြေ အနေတွေကြောင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို ပြန်ပြီး မှတ်ပုံတင်ခဲ့ရတာလို့ ALD ပါတီခေါင်းဆောင်တွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်း လင်းပွဲလုပ် ပြီး ပြောလိုက်ပါတယ်။
2017-07-26
မွေးရာပါ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ပြဿနာတချို့ ရှိနေပါတယ်။
2017-07-26
လက်ရှိ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ A-H1N1 ဗိုင်းရပ်စ်ပိုးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသလား ဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာ ထွန်းကျော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တေ့ွဆုံမေးမြန်းထားပါတယ်။
2017-07-26
မိုးတွင်းကာလမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ ဆေးကုသခံယူနေတဲ့ ကလေးငယ်အရေအတွက် တထောင့်ငါးရာနီးပါး ရှိနေတယ်လို့ သိရပါတယ်။