သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-30
ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ဆွာမြို့အပိုင် ဆွာချောင်းအောက်ဘက်မှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေးက ကျေးရွာတွေဟာ ဆွာရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်တဲ့အတွက် မနေ့ကစပြီး ရေနစ်မြုပ်ခဲ့ပါတယ်။
2018-08-30
ရခိုင်ပြည်နယ်ကနေ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကို သွားတဲ့ ရခိုင်တိုင်းရင်းသား ၅၁ ယောက်ဟာ ခရီးဆက်ခွင့်မရဘဲ ကွန်ဟိန်းမြို့နယ်မှာ တားမြစ်ခံရတဲ့အပေါ် တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး မရဘူးဆိုပြီး ရခိုင်အဖွဲ့အစည်းတွေ၊ ရခိုင်ပါတီတွေနဲ့ တားမြစ်ခံရသူတွေက ပြောကြပါတယ်။
2018-08-30
ရေတာရှည်မြို့နယ်၊ ဆွာမြို့အပိုင် ရွှေသပြေ ကျေးရွာအနီးမှာ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်က လမ်းကူးတံတားတခုဟာ မနေ့က ရေတိုက်စားပြီး ကျိုးပျက်သွားတဲ့အတွက် ခရီးသွားလာလို့ မရဘဲ အခက်အခဲဖြစ်နေပါတယ်။
2018-08-30
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းစေတီတော် ဝတ္တကနယ်မြေအတွင်းမှာ ဧည့်နိုင်ငံသား ဦးရှောက်ဆန်းဆိုသူက အဆောက်အအုံ ဆောက်လုပ်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကို ခွင့်ပြုချက် တောင်းခံထားပါတယ်။
2018-08-29
ပဲခူးတိုင်း ဆွာချောင်းရေလှောင်တမံက ရေပိုလွှဲ ဒီနေ့မနက်က ပေါက်သွားတာကြောင့် လူဦးရေ ၆ သောင်းကျော် အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။
2018-08-29
ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်ပြီး ရေဆင်းမှု များတာကြောင့် တစ်ခြမ်းနိမ့်သွားတဲ့ ဆွာချောင်းတံတားကို စစ်ဆေးနေတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက မေးမြန်းထားပါတယ်။
2018-08-29
မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ လူထုတွေ့ဆုံပွဲမှာ ပါတီအလံနဲ့ တံဆိပ်တွေသုံးစွဲတာ ဥပဒေနဲ့ ညီ မညီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ယေဘုယျဆန်တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
2018-08-28
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုပြီး နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို စွဲချက်တင်သင့်၊ မတင်သင့် အမိန်ချမှတ်ဖို့အတွက် ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက သြဂုတ်လ ၂၈ ရက်နေ့က လျှောက်လဲချက် တင်ခဲ့ကြပါတယ်။
2018-08-28
ရန်ကုန်တိုင်းအစိုးရနဲ့ ကရင်တိုင်းရင်းသား စာပေနဲ့ယဉ်ကျေးမှုကော်မတီတို့ ဦးဆောင်ကျင်းပတဲ့ “ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား”ကို ရန်ကုန်မြို့က MCC ခန်းမမှာ သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-08-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တခြားတပ်မတော်နဲ့ဆက်စပ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။
2018-08-28
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ မက်မွန်လောင်းရွာမှာ နေထိုင်တဲ့ ရူစိင်း (ရူဂျင်း) မျိုးနွယ်စုတွေဟာ လူသားစားတဲ့ မျိုးနွယ်စုတွေဆိုပြီး ခရီးသွားတစ်ဦးက ဖေ့စ်ဘွတ်မှာ Live လွှင့်ခဲ့တာကြောင့် အဲဒီမျိုးနွယ်စုတွေဟာ စိုးရိမ်ကြောက်လန့်ပြီး သူတို့ရိုးရာဓလေ့ကို စွန့်လွှတ်ဖို့အထိ စဉ်းစားနေကြပါတယ်။
2018-08-27
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2018-08-27
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လာမယ့် စက်တင်ဘာလ ၃ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ တရားရုံးက ရက်ရွှေ့ဆိုင်း လိုက်ပါတယ်။
2018-08-27
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ARSA အကြမ်းဖက်သမားတွေ တကျော့ပြန်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စိုးရိမ်စရာမရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ဒီနေ့ ပြောလိုက်ပါတယ်။
2018-08-26
သြဂုတ်လ ၂၅ ရက် မနေ့က ရိုဟင်ဂျာမွတ်ဆလင်တွေ သတ်ဖြတ်ခံရခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Burma Task Force (USA) အဖွဲ့က ကမကထပြုလုပ်ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဆန္ဒပြပွဲ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း ရိုက်ကူး တင်ပြထားပါတယ်။