သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-12
ပျူလူမျိုးတွေကနေ ဆင်းသက်လာတယ်ဆိုတဲ့ တောင်သားလူမျိုးတွေဟာ လူဦးရေနည်းပါးလာပေမယ့် ယောနကတိုင်းလို့ခေါ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆောနဲ့ ယောဒေသတွေဘက်မှာ ယနေ့ထိတိုင်ရှိနေပါသေးတယ်။
2018-08-12
ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကို ရန်ကုန်မြို့ ကျိုက္ကဆံ ကွင်းမှာ ထောက်ခံကြိုဆိုပွဲ အခမ်းအနားကျင်းပခဲ့ပါတယ်။
2018-08-11
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေးတက္ကသိုလ်အတွင်းမှာ ဒီနေ့ စတင်ကျင်းပပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သလို လူငယ်တွေနဲ့ စာပေစကားဝိုင်းလည်း ကျင်းပခဲ့ပါတယ်။
2018-08-10
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ် နှစ် ၂ဝ ဒါမှမဟုတ် ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ဖို့ ဥပဒေကြမ်းတရပ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက သြဂုတ်လ ၁ဝ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2018-08-10
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ချောက်ကန်ရွာမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
2018-08-10
ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပက်သက်ပြီး စွဲချက်တင်ခံထားရတဲ့ တရားခံ လေးဦးထဲက ဇေယျာဖြိုးကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ သြဂုတ်လ ၁ဝရက်နေ့က စစ်ဆေးခဲ့ပါတယ်။
2018-08-09
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနတွေ ဆောင်ရွက်ခဲ့တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေရဲ့ ၅၇ ရာခိုင်နှုန်းကျော်သာ ပြီးစီးတယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2018-08-09
မကွေးတိုင်း ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-08-08
၂ဝ၁၇ ခုနှစ် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည်ထူထောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ သြဂုတ်လ ၈ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
2018-08-08
၁၉၈၈ လူထုလှုပ်ရှားမှု ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာမှာ သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-08-07
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁ဝဝ ကျော် အစုလိုက်အပြုံလိုက်အသတ်ခံရတာ လာမယ့် သြဂုတ်လ ၂၅ ရက် ဆိုရင် တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ကျန်ရစ်တဲ့ မိသားစုဝင်တွေရဲ့ လက်ရှိအခြေအနေတွေကို တင်ပြထားပါတယ်။
2018-08-07
ကန့်ကွက်မှုတွေရှိတဲ့ကြားကနေ အသစ်ထပ်မံ ဖွင့်လှစ်ခဲ့တဲ့ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှေ့ ဘုရင့်နောင်လမ်းပေါ်က ညဈေးတန်းကိစ္စကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် နိုင်ငံတော်သမ္မတအထိ ဆက်လက် တိုင်ကြားသွားမယ်လို့ ကန့်ကွက်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
2018-08-06
မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် သေမင်းတမန် ရထားလမ်းလို့ ဒေသခံတွေ ခေါ်ဝေါ်ခဲ့ရတဲ့ ပခုက္ကူ-ဂန့်ဂေါ-ကလေး ရထားလမ်းစီမံကိန်းဟာ ရထားလမ်း တလျှောက်အနီးမှာ ရှိတဲ့ ဒေသခံတွေရဲ့ အသက်၊ သွေး၊ ချွေးတွေနဲ့ ဖောက်လုပ်ခဲ့ပေမယ့် ဒေသခံတွေအတွက်လည်း အကျိုးမရှိသလို နိုင်ငံတော်ရဲ့ ပြည်သူ့ဘဏ္ဍာတွေလည်း ဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။
2018-08-06
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး အမှုအတွက် နှစ်ဘက်သက်သေတွေ အကုန်စစ်ဆေးပြီးဖြစ်တာကြောင့် အမှုကိုအပြီး သတ်အမိန့်ချတော့မှာဖြစ်ပါတယ်။
2018-08-06
မြန်မာနိုင်ငံက လမ်းမကြီးတွေကို BOT စာချုပ်နဲ့ လုပ်ကိုင်ရာမှာ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာမှုရှိ၊ မရှိ စိစစ်အရေးယူပေးဖို့ အဆိုကို သြဂုတ်လ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။