သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-15
အသက် ၁၂ နှစ်အရွယ်ကတည်းက တပ်သားအဖြစ် အတင်းအကြပ် စုဆောင်းခံခဲ့ရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ အကျဉ်းထောင်က လွတ်လာအပြီး ၄၂ ရက်အကြာမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
2018-01-15
အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲရာမှာ ဆင်းရဲနွမ်းပါးသူတွေကို အများဆုံး အကျိုးပြုမယ့် မဟာဗျူဟာဖြစ်ဖို့ လိုတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-01-15
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေး ဆောင်ရွက်နေတဲ့ နောက်ဆုံး အခြေအနေတွေကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။
2018-01-15
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2018-01-14
ပဲခူးတိုင်းဝန်ကြီးချုပ် တာဝန်ကနေ နုတ်ထွက်ပေးဖို့ ဇန်နဝါရီလ ၁၄ ရက်နေ့က ပဲခူးမြို့ခံ တရာကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူအင်အား ၈ဝဝ ပါဝင်မယ်လို့ အုပ်ချုပ်ရေးအဖွဲ့ကို စာတင်ထားပေမယ့် တရာကျော်သာ ပါဝင်ခဲ့တာဖြစ် ပါတယ်။
2018-01-14
မွန်ပြည်နယ် မော်လမြိုင် သာသနာ့ ၂၅ဝဝ ဘုန်းတော်ကြီးကျောင်းမှာပြုလုပ်တဲ့ မွန်ပြည်သူ့ညီလာခံ (မွန်နိုင်ငံရေးညီလာခံ) ကနေ မွန်အမျိုးသားတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2018-01-13
ဇန်နဝါရီလ ၁၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " NLD အစိုးရနဲ့ အပြောင်းအလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာ ညိုညိုသင်း ( ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ) ၊ ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) နဲ့ ဦးသိန်းသန်းဦး (တရားလွှတ်တော် ရှေ့နေ) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2018-01-13
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို ဒီကနေ့ နေပြည်တော်က နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာကိစ္စ အပါအဝင် အကြောင်းအရာအချို့ကို ရှင်းလင်းခဲ့ပါတယ်။
2018-01-13
တိုင်းဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက ဇန်နဝါရီလ ၁၂ ရက်နေ့က ပုသိမ်မြို့အစိုးရရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-01-11
လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနရဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့ရာမှာ လာအိုနိုင်ငံကနေ လျှပ်စစ်ဝယ်ယူမယ့် ကိစ္စ၊ သာကေတမြို့နယ်မှာ ၁ဝ၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မယ့်ကိစ္စ၊ စတဲ့ ဝန်ကြီးဌာနရဲ့ လုပ်ဆောင် ချက်တွေအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
2018-01-11
ရခိုင်ပြည်နယ်၊ မောင်တောဒေသကို လေးရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ORCHID ဟိုတယ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2018-01-11
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက်ခမီမြို့အနီးက ပင်လယ်ပြင်မှာ ကျားပုစွန်ဖမ်းနေတဲ့ ကျားဖောင်ပေါ်မှာ ဖောင်ဦးစီးနဲ့ ဂုတ်စီးတွေ ရိုက်နက်ခံရတဲ့အတွက် ကျားဖောင်လုပ်သား ကိုဖြိုးကိုကိုဟာ သေလုမြောပါးဒဏ်ရာတွေ ရရှိခဲ့ပြီး ကျိုက်ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသခံနေရပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားပါတယ်။
2018-01-11
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက မြို့ပေါ်ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာအုပ်စု ၇၅ ခု၊ စုစုပေါင်း ၈၂ ခုမှာ ပြုလုပ်နေပါတယ်။
2018-01-11
ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ ဇန်နဝါရီလ ၁ဝ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။
2018-01-10
ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စိတ်ချလုံခြုံမှုရှိမှ မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ရေးအတွက် အမေရိကန်အစိုးရက ပါဝင်ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့ ၁၉ ဖွဲ့ စုပေါင်းထားတဲ့ Burma Task Force USA အဖွဲ့က ဝါရှင်တန်ဒီစီမြို့တော် National Press Club မှာ ၂ဝ၁၈ ဇန်နဝါရီလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။