သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-31
ရခိုင်ပြည်နယ်အရေးအတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံခြားသားနှစ်ဦးအပါအဝင် အဖွဲ့ဝင် လေးဦးနဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-07-30
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာ ပါဝင်တဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ က ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဒေသတွင်း နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ဇူလိုင်လ ၃ဝ ရက်နေ့က လားရှိုးမြို့တော်ခန်းမမှာ ရှင်းလင်းခဲ့ပါတယ်။
2018-07-30
ရခိုင်ပြည်နယ်၊ စစ်တွေလေယာဉ်ကွင်းပတ်လည်က မြေတွေကို လေကြောင်းညွှန်ကြားမှုဦးစီးဌာနက တဆင့် ငှားရမ်း လုပ်ကိုင်နေသူတွေကို ရခိုင်ပြည်နယ်အစိုးရက ဖယ်ရှားဖို့ ညွှန်ကြားထားပါတယ်။
2018-07-29
ပဲခူးမြို့ပေါ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၅ ခုမှာ ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာကြောင့် လူဦးရေ ၂ သောင်းကျော်ဟာ ရေဘေးဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းနေရ ပါတယ်။
2018-07-26
အမေရိကန် အောက်လွှတ်တော်က ဖွဲ့စည်းထားတဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်က Victims' Rights in Burma ဆိုတဲ့ခေါင်းစဉ်နဲ့ ရိုဟင်ဂျာနဲ့ မြန်မာတိုင်းရင်းသားတွေအရေး ကြားနားပွဲတရပ်ကို ဝါရှင်တန်ဒီစီမြို့တော်မှာ ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2018-07-26
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ကျေးရွာအလိုက် သစ်တောထိန်းသိမ်းတဲ့ လုပ်ငန်းတွေ အရေးပါသလို ထင်းအသုံးပြုပြီး တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ကိုင်သူတွေကြားမှာ လျှပ်စစ်မီးရရှိရေး၊ ထင်းအစားထိုးလောင်စာ အသုံးပြုနိုင်တဲ့ နည်းပညာတွေ ရရှိရေးဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍ ဖြစ်လာပါတယ်။
2018-07-26
ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားတွေ လာရောက် ဆေးကုသပေးနေတဲ့ Friendly ဆေးခန်းကို ကျန်းမာရေး ဦးစီးဌာနက ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-07-26
လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက် တာဝန်ပေးခန့်ထားနိုင်ဖို့ နိုင်ငံတော်သမ္မတက ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2018-07-25
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းခွဲနီးပါး တောင်းခံထားတဲ့အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန ၁၈ ခုက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
2018-07-25
သဘာဝ ပတ်ဝန်းကျင်ကို အခြေခံပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အင်းလေးဒေသမှာ ပတ်ဝန်းကျင် ရေဝေရေလဲတောတွေ၊ သဘာဝ ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်မလား ဆိုပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2018-07-24
ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်မယ့် ကိစ္စကြောင့် ကယားပြည်နယ်က ပြည်သူလူထုအကြား စိတ်ဝမ်းကွဲမှု၊ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကယားလူငယ်အဖွဲ့တွေက ပြောလိုက်ပါတယ်။
2018-07-24
လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များလာတာကြောင့် နှစ်စဉ် ကမ္ဘာကြီး ပိုမိုပူနွေးလာတဲ့ဒဏ်ကို လူသားတွေနဲ့ သက်ရှိတွေ ပိုမို ခံစားလာနေရတဲ့အတွက် နိုင်ငံအသီးသီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချရေးလုပ်ငန်းတွေကို အကောင်အထည် ဖော်လာကြပါတယ်။
2018-07-23
တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ “ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း” ဟာ ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး ဥပဒေအရ တရားစွဲဆို လာရင် ရင်ဆိုင်သွားမယ်လို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖွဲ့ရဲ့ ဗဟိုဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးသောပါကက မိန့်ပါတယ်။
2018-07-23
ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေထောက်နဲ့နင်းတယ် ဆိုပြီး နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေပုဒ်မ (၇) နဲ့ ဆက်ပြီး တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှုနဲ့ ပတ်သက်လို့ တရားလိုဖြစ်တဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဇူလိုင်လ ၂၃ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။
2018-07-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ လတွေကနေ စတင်ပြီး အခြေခံစားသုံးကုန် ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေပါတယ်။