သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-22
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မနက်ပိုင်းက ပစ်ခတ်မှုတွေအတွင်း ရွာခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
2019-02-22
အစိုးရ၊ တပ်မတော်တို့နဲ့ ယုံကြည်မှုတည်ဆောက်ရေးအဆင့် တိုးတက်လာတယ်လို့ SSPP ရှမ်းပြည် တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင်းက ပြောလိုက်ပါတယ်။
2019-02-22
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ်ထဲမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းက ဒုက္ခသည် ၅၉ ယောက်ကို မနေ့က UNHCR ကုလသမဂ္ဂ ဒုက္ခသည်ရုံး အစီအစဉ်နဲ့ ထိုင်းမြန်မာနယ်စပ်က တဆင့် နေရပ် ပြန်ပို့ခဲ့ပါတယ်။
2019-02-22
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာရှိတဲ့ နေဝန်းနီဒုက္ခသည်စခန်း အနေနဲ့ စခန်းနေရာ ထပ်ပြီးပြောင်းရွှေ့ဖို့ မြေနေရာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
2019-02-21
ဒီတပတ် RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-02-21
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး ပန်လုံ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေဟာ သူတို့ မူလနေအိမ်နဲ့ မြေနေရာတွေ ဆုံးရှုံးသွားမှာ စိုးရိမ်တာကြောင့် အိမ်ကိုပြန်သွားလိုကြတယ်လို့ သိရပါတယ်။
2019-02-21
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ တပ်မတော်အစုအဖွဲ့က ပါဝင်ဖို့ ဒီနေ့ စာရင်းပေးပို့လိုက်ပြီး နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုကို ထိခိုက်လာနိုင်တဲ့ ပြင်ဆင်ချက်တွေ ဆွေးနွေးလာရင် ကန့်ကွက်သွားမယ်လို့ ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။
2019-02-21
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဧရာဝတီမြစ် ရေလယ်ကျွန်းပေါ်မှာ သဲကျောက်နဲ့ ရွှေတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝ ထိခိုက်လာနိုင်တဲ့တွက် အမြန်ဆုံး ရပ်ဆိုင်းပေးရေး ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
2019-02-20
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည် ခြောက်ထောင်နီးပါး နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2019-02-20
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-02-19
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
2019-02-19
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ (၄) က ယုန်ဘမ်းဒေသမှာ တရုတ်နိုင်ငံက ဒစ်ဂျစ်တယ် စီးပွားရေးဇုန် လုပ်ကိုင်ဖို့ ကြေညာလိုက်ကြောင်း တရုတ်မီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။
2019-02-18
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာက တစ်သျှူးငှက်ပျောခြံအနီး နမ်မိန်ခချောင်းမှာ ငါးတွေသေဆုံးနေတဲ့အတွက် အဲဒီချောင်းရေကို အသုံးပြုနေရတဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2019-02-17
ခွင့်ပြုချက်မရရှိခဲ့ပေမယ့် မန္တလေးနဲ့ ရန်ကုန်က အလုပ်သမားအင်အား ၅၀၀ လောက်ဟာ မန္တလေးမြို့မှာ ဒီနေ့ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2019-02-17
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နဲ့ သီပေါမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2019-02-17
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဆင်ဖို့ အမျိုးသားရေးလှုပ်ရှားသူ အင်အား ထောင်နဲ့ချီပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2019-02-16
လွန်ခဲ့တဲ့ ၉ နှစ်ကျော်အချိန်က စပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ တစ်ကျော့ပြန် စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် တစ်သိန်းကျော်ထဲက ၇ သောင်းကျော်ဟာ KIO ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
2019-02-15
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးအတွက် မန္တလေးတိုင်းအတွင်းက ဒေသခံ ၅ဝ လောက် စုပေါင်းပြီး တောင်သာမြို့နဲ့ မြင်းခြံမြို့နယ်မှာ ဒီနေ့မနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2019-02-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို ဖားကန့်မြို့ဒေသခံ တချို့က မြစ်ကြီးနားမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2019-02-15
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတွေကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ သေဒဏ်နဲ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။
2019-02-15
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့ ဒုတိယအကြိမ် ကျင်းပခဲ့ပေမယ့် ဆုံးဖြတ်ချက်တစုံတရာ မချနိုင်ခဲ့ပါဘူး။
2019-02-14
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖယ်ရှားပေးရေးအတွက် ဆန္ဒပြ တောင်းဆိုတဲ့ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲတဲ့အတွက် ဆန္ဒပြသူ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-02-14
မန္တလေး အမရပူရမြို့နယ်က ဆရာတော်ဦးသောဘိတ (အလကာင်္ကြယ်) အပေါ် တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲထားတဲ့အမှုကို အမရပူရမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
2019-02-14
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်… စတဲ့တိုင်းနဲ့ပြည်နယ်တွေနဲ့ မလေးရှားနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-02-14
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲခဲ့တာဟာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက RFA ကို ပြောလိုက်ပါတယ်။
2019-02-14
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖယ်ရှားပေးဖို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုတဲ့ ကရင်နီဒေသခံ ငါးထောင်ကျော်ကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲတဲ့အတွက် ဆန္ဒပြသူ ၂၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2019-02-13
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းချက် တခုတည်းသာ ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားတယ်လို့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။
2019-02-13
တရားစွဲဆိုခံထားရတဲ့ မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို အမရပူရမြို့နယ်တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။
2019-02-12
မြန်မာနိုင်ငံနဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဦးဆောင်တည်ထောင်တဲ့ သူရဦးရွှေမန်းက ပြောဆိုထားပါတယ်။
2019-02-12
ကချင်ပြည်နယ်က တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတယ်လို့ ဖေဖော်ဝါရီလ ၇ရက်နေ့က ထုတ်ပြန်တဲ့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။