သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-31
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး နိုင်ငံတစ်ဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပ်က အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ရပါတယ်။
2021-12-29
အချိန်ကာလရှည်ကြာလာတဲ့ ကိုဗစ် ကပ်ရောဂါနဲ့ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ဖက်ခြံ တောင်သူတွေဟာ ဝယ်ယူမဲ့ အခြေအနေ ဆိုက်ရောက်သွားပြီး ခြံလုပ်ငန်းရပ်တန့်ရတဲ့အထိ စီးပွားရေး အခက်အခဲတွေ ကြုံနေကြရပါတယ်။
2021-12-28
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က လုပ်သက် ၂၅ နှစ်ရှိတဲ့ အလယ်တန်း ကျောင်းဆရာမ ဒေါ်ယုဝါဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ အလုပ်ထုတ်ခံထားရသူပါ။
2021-12-27
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ၊ မိမိတို့ ကျွမ်းကျင်ရာ ဝါသနာပါရာ စိတ်ကူးအိပ်မက် ရည်မှန်းချက်တွေကို ဘေးဖယ်ထားပြီး အာဏာရှင်တော်လှန်ရေးမှာ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နေကြတဲ့ လူငယ်တွေထဲမှာ သတင်းသမားလူငယ်တွေလည်း ပါဝင်ပါတယ်။
2021-12-27
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက နေရပ်စွန့်ခွာပြီး ရန်ကုန်မြို့ကို ထွက်ပြေးလာရတဲ့ ပလက်ဝမြို့နယ်က ချင်းစစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
2021-12-23
ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးမယ်ဟာ တပိုင်တနိုင်ဝင်ငွေရဖို့ အတွက် သူ့သားသမီးတွေနဲ့အတူ ရိုးရာခေါင်းပေါင်းချည်ထည်တွေ ရက်လုပ်နေပါတယ်။
2021-12-22
ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က မြို့နယ် တချို့မှာတော့ နေအိမ်တွေ ဘုရားကျောင်းတွေ မရှိတော့သလို မြို့လူထုဟာလည်း စစ်ဘေးကနေ ထွက်ပြေးနေကြရပါတယ်။
2021-12-20
စစ်ကောင်စီတပ်တွေ ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်မီးရှို့တာတွေကြောင့် ဂန့်ဂေါခရိုင်က ကျေးရွာအတော်များများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ လေးလကျော် ရှိနေပါပြီ။ တောတောင်တွေထဲမှာ ကာလကြာရှည် ပုန်းခိုနေရတာကြောင့် အစားအသောက်နဲ့ ဆေးဝါးပြတ်လတ်ပြီး အသက်အရွယ်ကြီးရင့်သူတွေ အခက်ကြုံနေရပါတယ်။
2021-12-20
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စျေးနှုန်းအဆမတန်မြင့်တက်လာခဲ့တဲ့ ဓာတ်မြေဩဇာကို လိုသလောက် ဝယ်မသုံးနိုင်ခဲ့တာကြောင့် ဒီနှစ်ဟာ အရင်နှစ်တွေထက် စပါးထွက်နှုန်းတွေကျပြီး စပါးတင်းရေ အရနည်းတယ်လို့ တောင်သူတွေက ပြောကြပါတယ်။ ဒါပေမဲ့ ငွေကြေးလိုအပ်ချက်အရ ရသမျှ စပါးအားလုံးလိုလိုကို ပြန်ရောင်းနေရတာမို့ စျေးကွက်ထဲမှာတော့ စပါးစျေးက မြင့်တက်နေပါတယ်။
2021-12-16
ချင်းလူမျိုး ယောက်ျားကောင်းတစ်ယောက်မှာ တူမီးသေနတ်ဟာ ရှိကိုရှိရမယ့် လက်နက်တစ်ခုလို့ အစဉ်အဆက်ယူဆလာခဲ့ကြတာကြောင့် ချင်းလူမျိုးနဲ့ တူမီးသေနတ်ဟာ အမြဲအတူရှိနေတဲ့ ရိုးရာတစ်ခုဖြစ်ပါတယ်။
2021-12-09
စစ်အာဏာသိမ်းပြီးတဲ့နောက် ဧရာဝတီတိုင်းက မြို့ပြလူထုသပိတ်တွေ အင်အားသုံးဖြိုခွင်းခံရချိန်မှာတော့ ဗိုလ်ချုပ်နဲ့ ရုပ်ချင်းဆင်တူတဲ့ ကျောင်းဆရာ ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်လမ်းစဥ်အတိုင်း လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
2021-12-08
မြန်မာနိုင်ငံမှာ ကိုရိုနာကပ်ရောဂါဘေးကြောင့် အကျပ်အတည်း ကျရောက်နေရတဲ့ ချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်တာကြောင့် ပြည်သူအများစုဟာ ထမင်းနပ်မှန်အောင်စားရဖို့အရေး မနည်းရုန်းကန်နေကြရပါတယ်။ လူတန်းစားအလွှာပေါင်းစုံနေထိုင်တဲ့ ရန်ကုန်မှာ ဒီလိုအခက်အခဲရှိတဲ့ ပြည်သူတွေကို တဖက်တလမ်းက ကူညီနိုင်ဖို့ ငွေ ၅၀၀ ကျပ်တည်းနဲ့ ဝမ်းဖြည့်လို့ ရမယ့် တန်ဖိုးနည်း ထမင်းဆိုင်လေးတွေ ပေါ်လာပါတယ်။
2021-12-08
ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရဲ့ တဲအိမ်ထဲမှာ အိုးခွက်ပုဂံတွေ ဆေးကြောနေတဲ့သူက အသက် ၃၈ နှစ်အရွယ် ဒေါ်ဒါးမို ဖြစ်ပါတယ်။ သူဟာ ကလေး သုံးယောက်ကို ၁၀ နှစ်တာ ပြုစုစောင့်ရှောက်လာခဲ့တဲ့ မုဆိုးမတစ်ဦးလည်း ဖြစ်ပါတယ်။
2021-12-06
တရားဝင်လိုင်စင်မရှိတဲ့ ပရဟိတအသင်းတွေနဲ့ အရေးပေါ်လူနာတင်ယဉ်တွေကို ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့တဲ့ အမိန့်စာကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
2021-12-04
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား လက်နက်ကိုင်ပဋိပက္ခ တစ်နေ့တခြား ကြီးထွားလာနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှု အရှိန်အမြင့်မားဆုံး ဒေသတစ်ခု ဖြစ်လာနေတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။