ကျောင်းသားသပိတ်-ရန်ကုန်


2015.03.28

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မြင်းခြံ … စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ… ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရပြီး တရားခံ ပြေးအဖြစ် ကြေညာခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က ကိုကျော်ကိုကိုနဲ့ ကိုနန္ဒာစစ်အောင်တို့လည်း ပါဝင်ခဲ့ပါ တယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲအကြောင်း ကိုအောင်ကိုကိုက တင်ပြထားပါတယ်။ ဆန္ဒပြပွဲအပြီးမှာ ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်းနဲ့ ကိုအောင်ထက်အောင် တို့ သုံးဦးကို မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အလားတူပဲ မြင်းခြံမြို့ က ဆန္ဒပြပွဲမှာ ဆန္ဒပြကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၂ ဦး၊ စုစုပေါင်း ၄ ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။