ရန်ကုန်-သံလျင် တံတားအမှတ် - ၁ ယာဉ်ကြောပိတ်ဆို့မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေရှင်းပေးသွားမယ့်အကြောင်း အစိုးရဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သန်လျင်မြို့မိမြို့ဖတွေကို ဒီနေ့ အသိပေးရှင်းလင်းခဲ့ပါတယ်။ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။