မချောမွေ့တဲ့ ယူနီကုဒ်အပြောင်းအလဲ


2019.10.04

မြန်မာနိုင်ငံဟာ အင်တာနက်သုံးစွဲမှု မြင့်မားနေပေမဲ့ နိုင်ငံတကာက စံအဖြစ်သတ်မှတ်ထားတဲ့ ကွန်ပျူတာ ယူနီကုဒ်စာလုံးစနစ်ကို မသုံးစွဲဘဲ နေလာခဲ့တဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနီကုဒ်စနစ်ကို ပြောင်းပြီးသုံးကြဖို့ အစိုးရက တရားဝင်နှိုးဆော်နေပေမယ့် မြန်မာအများစု သုံးစွဲနေတဲ့ ဇော်ဂျီစာလုံးကနေ ယူနီကုဒ်စာလုံး ပြောင်းလဲရေးက ချောချောမွေ့မွေ့ ဖြစ်မလာသေးပါဘူး။

တနိုင်ငံလုံး ယူနီကုဒ်စနစ် အပြည့်အဝ ပြောင်းသုံးဖို့ အချိန်ဘယ်လောက် ကြာဦးမလဲဆိုတာကိုလည်း မသိနိုင်သေးတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။