UWSA နှစ် ၃ဝ ပြည့် စစ်ရေးပြလေ့ကျင့်မှု

2019-04-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ- "ဝ" ပြည်တပ်မတော် UWSP/ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ဧပြီလ ၁၇ ရက်နေ့မှာ ကျင်းပမယ့် "ဝ"ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအတွက် အကြိုပြင်ဆင်တဲ့ စစ်ရေးပြအခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေး နှစ် ၃ဝပြည့် အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့က ခေါင်းဆောင်တချို့ပါ တက်ရောက်လာတာ တွေ့ရပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုကံသာ ပန်ဆန်းမြို့ကနေ သတင်းပေးပို့ထားတာကို RFA ဝိုင်းတော်သားကိုဂျေက တင်ပြထားပါတယ်။

(ရိုက်ကူး- သီဟထွန်း၊ ကံသာ)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့