မြစ်ကြီးနားက ရေပေးဝေရေးစီမံကိန်းအကြောင်း

2016-12-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA ရဲ့ နှစ်ရှည်ချေးငွေနဲ့ ကျပ်ငွေသန်းပေါင်း ၆ ထောင် ကုန်ကျမယ့် ရေပေးဝေးစီမံကိန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က စတင်အကောင် အထည်ဖော်နေပါတယ်။ မြစ်ကြီးနားမြိ့မြောက်ဘက် ကျိန်ခရန်ချောင်းကနေ ပိုက်လိုက်တွေနဲ့ သွယ်တန်း၊ သန့်စင်ပြီး ရေပေးဝေနိုင်ဖို့ လုပ်ငန်းတွေဆောင်ရွက်နေရာမှာ လာမယ့် ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ပြီး မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အားလုံးနီးပါးကို ရေပေးဝေနိုင်တော့မှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးနေဝင်း ကပြောပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့