ရန်ကုန်မြို့ အငှားယာဉ်စနစ်ပြောင်းလဲရေး

2017-01-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်းအတွင်းမှာ အမြဲတမ်းအငှားယာဉ်တွေဖြစ်တဲ့ AA/ BB/ CC နံပါတ်အနီတွေနဲ့ ပြေးဆွဲတဲ့ ယာဉ်အစီးရေထက် အက္ခရာနဲ့ပြေးဆွဲနေတဲ့ ယာဉ်အစီးရေက ပိုများနေတယ်လို့ ယာဉ်မောင်းတွေက ပြောကြပါတယ်။ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း.. အငှားယာဉ်စနစ် ပြောင်းလဲပြီး အက္ခရာနဲ့ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေကို အိမ်စီးကားအဖြစ် ပြန်ပြီးပြောင်းလဲသွားမယ်လို့ ပြောဆိုထားပါတယ်။ အငှားယာဉ်မောင်းတွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်းတင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့