တပ်မတော်နဲ့ AA ဂျီနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း


2019.07.07
15cso-statment-622.jpg ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ်ခံနေရတဲ့ ပြည်သူများရဲ့အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၁၅ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Credit: အသံ - Athan

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဒေသခံပြည်သူတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကြောင့်  လက်နက်ကိုင်တွေလိုက်နာရမယ့် ဂျီနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့အပါအဝင် အချက် ၅ ချက်ကို အရပ်အဖွဲ့ ၁၅ဖွ့ဲက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်နယ် ပလက်ဝမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော်ကြား တိုက် ပွဲတွေကြောင့် ဒေသခံအရပ်သား ၄ သောင်းနီးပါးလောက်ဟာ နေအိမ်တွေကနေ စွန်ခွာထွက်ပြေးနေရတယ်လို့ အရပ်ဖက်အဖွဲ့ ၁၅ ဖွဲ့က ဇူလှိုင်လ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။

ဒီစစ်ပွဲတွေအတွင်းမှာဘဲ တပ်မတော်က ရခိုင်တပ်တော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာ၊ စစ်ကြောရေးမှာ စစ်ဆေးရာမှာလည်း ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိပဋိပက္ခဒေသအတွင်းမှာ ပြည်သူတွေ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ စစ်ဆေးမေးမြန်းရာမှာ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်တာ၊ လူသားချင်းစာနာမှု အကူညီပိတ်ပင်တားဆီးတာ၊ အင်တာနတ်လိုင်းပိတ်တာ စတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။