ကျေးရွာ ၁၆၀ ကျော် ရေရှားပါးမှုနဲ့ ကြုံတွေ့


2016-03-22
Share
water-scarcity-620.jpg ခန်းစပြုနေတဲ့ ရေအိုင်တစ်ခုကို တွေ့ရစဉ်
Photo: Nay Thwae/RFA

မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရှမ်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ကျေးရွာပေါင်း ၁၆၀ ကျော် မှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။

ရေရှားပါးမှုကြုံတွေ့နေရတဲ့အထဲမှာ မန္တလေးတိုင်းဒေသကြီးက ကျေးရွာတွေ အများဆုံး ဖြစ်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က ကျေးရွာတွေလည်း ပါဝင်တယ်လို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးကျော်သူအောင် က ပြောပါတယ်။

"အခုအနေအထားမှာတော့ အများဆုံးက မန္တလေးတိုင်းဘက်ကများတယ်၊ ကျနော်တို့ ရေပေးပို့တဲ့အခြေအနေ ကို အကဲခတ်ကြည့်လိုက်တော့ မြို့နယ် ၁၂ မြို့နယ်၊ ရွာပေါင်း ၆ဝ ကျော်၊ သူကတော့ လက်ရှိအနေအထား မှာ အများဆုံးလို့ပြောလို့ရတယ်၊ ဒုတိယက မကွေး၊ မကွေးက မြို့ ၈ မြို့၊ ရွာ ၂၅ ရွာ၊ စစ်ကိုင်းက ၆ မြို့၊ ရွာ ၁၂ ရွာ၊ အပူပိုင်း ၃ ပိုင်းက ပိုပြီးတော့ ရေပြတ်လပ်မှုပိုများတယ်"

အပူချိန်မြင့်တက်နေတာကြောင့် ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက ကျေးရွာပေါင်း ၁၆၀ ကျော် မှာရှိတဲ့ ရေတွင်းတွေ၊ ရေကန်တွေမှာ ရေခမ်းသွားတာဖြစ် ပြီး ရေရှားပါးမှုကြုံနေရတဲ့ ဒေသတွေကို ရေသယ်ယာဉ်၊ မီးသတ်ယာဉ်တွေနဲ့ ရေဖြန့်ဝေပေးနေတယ်လို့ ဦးကျော်သူအောင်က ပြောပါတယ်။

လာမယ့် ဧပြီလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးရွာပေါင်း တစ်ထောင်နီးပါးမှာ ရေရှားပါးနိုင်တယ် လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့