၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြော

အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း၊ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စ မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောလိုက်ပါတယ်။

2011.11.03
khin-aung-myint1-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
AFP PHOTO/POOL/NYEIN CHAN NAING

ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁ ရက်က တွေ့ဆုံ မေးမြန်းခန်းမှာ ဦးခင်အောင်မြင့်က အခုလို ပြောကြားခဲ့တယ်လို့ နောက်ဆုံးထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အခုလို လွှတ်တော်အကြီးအကဲ ဦးခင်အောင်မြင့်က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း ပြောဆိုချက်ဟာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးအတွက် လုံလောက်မှု ရှိမရှိ ပါတီမှာ ဆွေးနွေးမှု မလုပ်ရသေးဘူးလို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အန်အယ်လ်ဒီ ပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် လွှတ်တော် အကြီးအကဲ မိမိနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုဆိုမှာ ဖြစ်ကြောင်း၊ ပြည်သူတွေ ရွေးချယ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ရောက်လာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ် တစ်ယောက် ဖြစ်တာကြောင့် နိုင်ငံ တည်ဆောက်ရေး အတွက် အများကြီး အားကိုးရမှာ ဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်းမ်က တွေ့ဆုံမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-03 19:01

ဒါဟာ အမှန်တရားနဲ့သိပ်ကို ထိစပ်နေကပ်နေတဲ့ အမြင်ပါ။ ရာနှုန်းပြည့်ပြောင်းလဲခြင်းနဲ့ စက္ကူပါးတစ်ချပ်သာ ခြားတာ့တယ်လို့ ယူဆပါတယ်။ NLD အနေနဲ့ မောင်မောင်ခေါ်တုန်း ဗျာထူးသင့်ပါတယ်။ မြန်မာတွေဟာ မူတတ်တဲ့အကျင့်ရှိတယ်ဆိုပေမယ့် လုပ်ထိုက်တာကို လုပ်သင့်ပြီလို့မြင်ပါတယ်။ ဘာမှမထူးပါဘူး လွှတ်တော်ထဲမှာ ၁၉၉၀ တုန်းက NLD ကိုမဲပေးခဲ့သူတွေ အများကြီးပါ။ ကိုယ့်ကို မဲပေးခဲ့သူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်ရတော့မယ်လို့ သဘောထားရင် မဖြစ်နိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။

Anonymous
2011-11-04 02:24

This is a very good and positive sign.
Daw Suu should get registered to participate in election. Forget about the emotional politicians who just think about their pride rather than the future of the country.

Anonymous
2011-11-07 21:24

အမှန်တကယ်ကြိုဆိုတာဆိုရင်တော့ကောင်းပါတယ်...