မကွေးမြို့မှာ မနေ့က ဖမ်းဆီးခံရသူတွေထဲက ၁၉ ဦး ပြန်လွတ်

2021-03-01
Share
မကွေးမြို့မှာ မနေ့က ဖမ်းဆီးခံရသူတွေထဲက ၁၉ ဦး ပြန်လွတ် မကွေးမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြလို့ ရဲက ဖမ်းသွားသူတွေကို တွေ့ရစဉ်
Photo: RFA

ဖေဖော်ဝါရီလ ၂၈ရက် မနေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသူ ၅၀ ကျော်ထဲက ၁၉ ဦးကို ရဲတပ်ဖွဲ့က မတ်လ ၁ရက် ဒီနေ့ ပြန်လွှတ်လိုက်ပါတယ်။

မလွတ်သေးသူတွေကို ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းဆီးထားတယ်ဆိုတာ သိဖို့ ကြိုးစားနေပေမယ့် တာဝန်ရှိသူကို တွေ့ဖို့ ခက်ခဲနေတယ်လို့ မကွေးရှေ့နေများအဖွဲ့က တရားလွှတ်တော်ရှေ့နေဦးအောင်နိုင် က ပြောပါတယ်။

မနေ့က ဖမ်းဆီးသွားသူတွေကို မကွေးမြို့နဲ့ ၁၀ မိုင်ကျော်မှာ ဆောက်လုပ်လက်စဖြစ်တဲ့ မကွေးထောင် အသစ်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့