မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကစိန်ခေါ်မှုဖြစ်နေ

မြန်မာ့ဒီမိုကရေစီအရေးမှာ ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ ချက်သမ္မတ နိုင်ငံသံရုံးမှာ မနေ့ညက ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက ပြောကြားလိုက်ပါတယ်။

2012.05.25
melanne-verveer-1-b305 အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က ချက်သမ္မတနိုင်ငံသံရုံးတွင် မေလ ၂၄ ရက်နေ့က ကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer ပါဝင် ဆွေးနွေးနေစဉ်။
RFA

မြန်မာ့အနာဂတ်ပေါ် ရှုမြင်ချက်နဲ့ မြန်မာ့အသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို မကြာခင်က ရောက်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer က အဓိက ဆွေးနွေးသွားပါတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ တချိန်တခါက ပညာရေးမှာ အရှိန်အဝါ ကြီးမားခဲ့ပေမဲ့ လောလောဆယ်မှာ  နိမ့်ကျနေတာ ထင်ရှားကြောင်း ပြောသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ Project 2049 က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ အာရှ-ပစိဖိတ်ဒေသ တရားဥပဒေ စိုးမိုးရေး ပညာရှင် Kelly Currie က ဗဟိုနဲ့ အောက်ခြေကွာဟမှု ရှိနေတာကို ထောက်ပြ ဆွေးနွေးပါတယ်။

Freedom House လူ့အခွင့်အရေးအဖွဲ့က ဒုတိယ ဥက္ကဋ္ဌ Robert Herman ကတော့ မြေယာသိမ်းမှု အပါအဝင် ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြဆွေးနွေးပါတယ်။

USCB မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် လှုပ်ရှားမှုအဖွဲ့က ကရင်အမျိုးသမီး Myra Dahgaypaw မိုင်းရာဒေကပေါ ကတော့ ပြောင်းလဲနေတယ်လို့ ကမ္ဘာကမြင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းသွားတာ မရှိသေးတဲ့အကြောင်း၊ မြန်မာနိုင်ငံအကြောင်း အမှန်တကယ် သိချင်ရင် တစ်သံတည်းရဲ့ အသံနားမစွင့်ဘဲ အသံပေါင်းစုံကို နားထောင်သင့်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။