ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို မတ်လထဲ ရွှေ့ဆိုင်းမည်


2017.02.15
21-panglong-620.jpg ၂၁ ရာစုပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ လျာထားတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကို လာမယ့် မတ်လထဲမှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အရင်က ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ ချင်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အခုလအတွင်း ကျင်းပဖို့ ခွင့်ပြုလိုက်တဲ့အတွက် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို နောက်ဆုတ်လိုက်တာဖြစ်ပြီး အတိအကျကိုတော့ UPDJC က ထုတ်ပြန်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ချင်းကို ခွင့်ပြုလိုက်တဲ့အတွက် ချင်းအနေနဲ့ နိုင်ငံရေး ဆွေးနွေးနိုင်အောင်လို့ ဆိုပြီးတော့ မူရင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုတောင်မှ မတ်လထဲမှာ ထပ်ပြီးတော့ ရွှေ့လိုက်ပါတယ်ခင်ဗျ။ ကျနော် တို့ ခေါင်းဆောင်တွေရဲ့ ပဏာမ စဉ်းစားချက်ပေါ့ဗျာ။ တရားဝင်ကတော့ UPDJC ကနေပြီးတော့ ထုတ်ပြန် ပါလိမ့်မယ်။"

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မတ်လ ပထမပတ်မှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ရက်အတိအကျကို မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

ပထမအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။