စည်းကမ်းပျက် ကုမ္ပဏီ ၂၇၀၀ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်

2016-05-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

စည်းကမ်းနဲ့ မညီညွတ်တဲ့  ပြည်တွင်းကုမ္ပဏီ ၂၇၀၀ နီးပါးနဲ့ ပြည်ပကုမ္ပဏီ ၁၅ ခုတို့ကို အစိုးရ ကုမ္ပဏီမှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရင်းနှီးမြုှပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အမိန့်စာအမှတ် ၉၃/၂ဝ၁၆၊ မေလ ၉ ရက်နေ့နေ့စွဲနဲ့ အခုလို  ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စာမျက်နှာ ၁၆ဝ ကျော်ရှိတဲ့ ပယ်ဖျက်တဲ့ ကုမ္ပဏီတွေရဲ့ အမည်စာရင်းကို ရင်းနှီးမြုပ်နှံမှု ဦးစီးဌာန အင်တာနက် စာမျက်နှာမှာ လွှင့်တင်ထားပါတယ်။

ဒီအထဲမှာ ဟုန်ပန်းသတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဟုန်ခန်းသတ္တုတူးဖော်ရေးကုမ္ပဏီ စတဲ့သတ္တု တူးဖော်ရေးကုမ္ပဏီ ၉ဝ ခန့်ပါဝင်ပြီး၊ သစ်ထုတ်လုပ်ရေးကုမ္ပဏီ အနည်းဆုံး ၁ဝ ကုမ္ပဏီခန့်ပါဝင်ပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေထဲမှာ တရုတ်အခြေစိုက် သတ္တုတူးဖော်ရေး Non-Ferrous Metal Mining & Construction ကုမ္ပဏီခွဲ၊ အင်ဒိုနီးရှားအခြေစိုက် ဆေးကုမ္ပဏီဖြစ်တဲ့ Kalbe Farma ကုမ္ပဏီခွဲတွေ ပါဝင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့