ထိုင်းနဲ့ မလေးရှားနယ်စပ်မှာ ရိုဟင်ဂျာ ၃၂ ဦး သေဆုံး

2015-05-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်အနီးက ဆွန်ခလာပြည်နယ်မှာ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာလူမျိုး ၃၂ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူမှောင်ခိုသမားတွေက ခေါ်ယူလာတဲ့ အဲ့ဒီလူတွေဟာ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ Padang Besar ဒေသကတော ထဲမှာ တဲတွေထိုးပြီး စောင့်စားနေစဉ် အစာရေစာငတ်မွတ်ပြီး သေဆုံးကုန်ကြတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တချို့အလောင်းတွေကို မြုပ်နှံထားပြီး တချို့အလောင်းတွေကိုတော့ ဝါးတဲအတွင်းမြေပြင်ပေါ်မှာ တွေ့ရတယ်လို့ လည်း ရဲအရာရှိတစ်ဦးကပြောပါတယ်။

အစားအစာချို့တဲ့မှုနဲ့ မကျန်းမမာမှုကြောင့် အားအင်ချိနဲ့နေတဲ့ ရိုဟင်ဂျာတစ်ဦးကိုတော့ အသက်ရှင်လျက်တွေ့ရ လို့ ဆေးရုံတင်ထားကြောင်း ရဲတွေနဲ့အတူ အဲ့ဒီနေရာကို သွားရောက်ခဲ့တဲ့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြော ပါတယ်။ အဲ့ဒီမွတ်စလင်တွေဟာ လူမှောင်ခိုပွဲစားတွေကို တစ်ဦးအတွက် အမေရိကန်ဒေါ်လာ တထောင့် ငါးရာကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ငါးသောင်းခန့်စီ ပေးခဲ့ကြရတယ်လို့ ကြားသိရကြောင်းလည်း ဒေသခံ တစ်ဦးကပြောပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

တရွာမပြောင်း သူကောင်းမဖြစ်

May 02, 2015 05:55 AM

ဆိုက်တခုလုံးသို့