၂၀၁၈ ခုနှစ်အတွင်း မိုင်းကြောင့် သေဆုံးသူ ၄၈ ဦးရှိ


2019.04.04
landmine-622.jpg အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် သတိပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားမှာ ပြသထားတဲ့ မြေမြှုပ်မိုင်းတချို့ကို တွေ့ရစဥ်
Photo: RFA

မြေမြှုပ်မိုင်း ပေါက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၂၇၆ ဦး ရှိခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် သတိပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားမှာ UNICEF အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ၂၇၆ ဦးထဲမှာ ကလေး ၅၆ ဦးလည်း ပါဝင်ပြီး အဲဒီထဲက ၁၆ ဦးဟာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာတော့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၁၇၆ ဦးသာ ရှိခဲ့တာကြောင့် ၂၀၁၈ ခုနှစ်ဟာ မြေမြှှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပိုများလာတယ်လို့လည်း UNICEF က ပြောပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အများဆုံးလို့ သိရပါတယ်။

မြန်မာအစိုးရနဲ့ UNICEF တို့ ပူးပါင်းပြီး မြန်မာနိုင်ငံ မိုင်းအန္တရာယ်တားဆီးရေးလုပ်ငန်းအဖွဲ့ MRWG ကိုလည်း အစိုးရဝန်ကြီးဌာန ၁၀ ခု၊ မြန်မာ့တပ်မတော်၊ ပြင်းတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၄၀ နဲ့ ဖွဲ့စည်းထားပါတယ်။

MRWG အနေနဲ့ ကချင်၊ ရှမ်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ မိုင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။