ကယားမှာ စွမ်းရည်မြင့်သင်တန်း တက်ခဲ့တဲ့ လူငယ် ၇၀ ဖမ်းဆီးခံရ

2021-05-02
Share
ကယားမှာ စွမ်းရည်မြင့်သင်တန်း တက်ခဲ့တဲ့ လူငယ် ၇၀ ဖမ်းဆီးခံရ ကရင်နီတပ်မှ စစ်သားတချို့ကို တွေ့ရစဉ်
Photo: Karenni Army Center- Kn.A.C

ကယားပြည်နယ်မှာ လူငယ်စွမ်းဆောင်ရည်မြင့်သင်တန်း တက်ရောက်ခဲ့ကြတဲ့ လူငယ် အယောက် ၇၀ ဟာ ဧပြီလ ၃၀ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ လူငယ်တွေဟာ ဖရူဆိုမြို့အဝင် ရဲနဲ့စစ်တပ်က လုံ‌ခြုံရေး တင်းကျပ် စစ်ဆေးနေတဲ့ ဂိတ်ကို ရှောင်ပြီး ဖရူဆိုမြို့ပတ် လမ်းကြားကနေသွားရာမှာ ဖမ်းဆီးခံရတာလို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖရူဆို မြို့ပတ်လမ်းကြားတွေမှာ စောင့်ဖမ်းသွားတာပါ။ ဒန်ဘာကားနှစ်စီးနဲ့ ပါသွားတယ်။ ပြည်နယ်တွင်းက လူငယ်တွေပါပဲ။"

အဲဒီလူငယ်တွေဟာ လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်တွေက လူငယ်တွေဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုက ပုံမှန်ပို့ချနေတဲ့ နွေရာသီ လူငယ် စွမ်းဆောင်ရည်မြင့် သင်တန်းနဲ့ ခေါင်းဆောင်မှု သင်တန်း တွေကို တက်ရောက်ပြီး ပြန်လာကြတာလို့လည်း အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီခံရတဲ့လူငယ်တွေကို မေလ ၁ ရက်နေ့ မနေ့က ညနေပိုင်းမှာ လွိုင်ကော် အကျဉ်းထောင်မှာ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်ထဲမှာလည်း ဖရူဆိုမြို့ပေါ်က လူငယ် နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး သွားသလို စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြတဲ့ ခေါင်းဆောင်တွေကိုလည်း ရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့